part (5)

2K 182 9
                                    

"ဟို စောက်ခလေးကိုကျိယန်ဘက်ပိုင်းပို့လိုက်ပြီနော်...."

"ယန်းလီ ငါကခုလက်ရှိCEO နော်။နောက်ပြီး တိတိကိုအဲ့လိုမခေါ်ပါနဲ့ဟာ...."

ရှောင်ကျန့်နဲ့ယွိပင်း အချောသတ်မဲ့ Design တွေစီစစ်ပြီးဆွေးနွေးနေတုန်း တံခါးကိုတစ်ချက်မျှခေါက်ပြီး ဘောက်ဆပ်ဆပ်နဲ့စူပုတ်ကာဝင်လာပြီးပြောတဲ့စကားကြောင့် ရှောင့်ကျန့်ခေါင်းသာယမ်းလိုက်မိတယ်....

ဒီယန်းလီကလေ သိပ်လဲစိတ်ကြီးသလို သိပ်လဲရှောင်ကျန့်ပေါ်နားလည်ပေးနိုင်တဲ့သူငယ်ချင်းမလေး...။သူမှ မဟုတ်ပါဘူးယွိပင်းရော ကျိယန်ပါ ထိုကဲ့သို့ပင်...။ နောက်ပြီး ရှောင်ကျန့်အယုံကြည်ရဆုံးသောလူ၃ယောက်....

"အေး မခေါ်တော့ဘူးနင့်ဟာလေးကို တစ်ကယ်တည်း ကြည့်လို့ကိုမရတော့ဘူး..."

ဒါပါပဲ ယန်းလီက တိတိကိုအမြင်မကြည်ဘူး။မကြည်ဆိုလဲ တိတိက ဆိုးလဲဆိုး စွာလဲစွာသည်ကိုး....။

"ကျန့် မင်းလိုချင်တဲ့ပိတ်စမျိုးက လုံဟွေ့ဘက်မှာရနိုင်တယ်ပြောတယ်။ အဲ့ဒါမင်း သွားမယ်မလား....။ "

"လုံဟွေ့ထိလား..."

လုံဟွေ့ဆိုတာ ကျေးလက်ဒေသတစ်ခု...။ ဝေးလါးမေးရင် ဝေးတယ်။ ပေကျင်းကနေကားနဲ့သွားရင် ၁၀ နာရီအတိကားစီးရတယ်။နောက်ပြီး လိုချင်တာရရင်လဲ လိုအပ်သလောက်မှာဖို့ သူတို့လုပ်တာတွေကြည့်ပြီး ကိုယ်လိုချင်တဲ့အတိုင်းလုပ်ပေးဖို့ ညှိနိူင်းရမှာနဲ့ဆိုရင် အဲ့မှာ တစ်ပါတ် ဆယ်ရက်လောက်ကြာနိုင်တယ်။

အဲ့လိုသွားရတာထက် တိတိတစ်ယောက်တည်းကျန်ခဲ့မှာကို ရှောင်ကျန့်စိတ်မချလေတာ...။

"အဲ့မျက်နှာက ဘာဖြစ်နေတာလဲ။ နင့်လင်ကိုစိန်မချရင်လဲ ခေါ်သွား ဗဟုသုတရတယ် နောက်ပြီး ငါတို့လဲ အလုပ်ရူပ်သက်သာတယ်...."

မအီမသာဖြစ်နေတဲ့ ရှောင်ကျန့်မျက်နှာက ဟိုစောက်ခလေးကို စိတ်ပူတာကလွဲဘာဖြစ်ဦးမှာလဲ...။ အလကား ပိုကိုပိုတယ်။ စွလုံးတွေလဲ နောက်ပါဘိ....

"ဟုတ်သားပဲ ယန်းလီ...။ ဒီတစ်ခါ ငါ့သူငယ်ချင်းက အရမ်းတော်တာပဲ...."

သိပ်ချစ်မိ၍......(Complete )Where stories live. Discover now