Part (13)

1.9K 178 8
                                    

"လူနာက မတည့်တာစားမိထားတယ်။ တော်သေးတာက ပမာဏနဲလို့ အများကြီးသာစားမိရင်တော့ အသက်ပါထိခိုက်နိုင်တယ်သိရဲ့လား...။ "

ဆရာဝန်က သွေးဆိပ်ဖြေဆေးတွေ ချိတ်ပေးနေရင်းနဲ့ ပြောလာတဲ့စကားကြောင့် အခန်းတွင်းရှိလူများအခုမှ သက်မချနိုင်တော့တယ်....

"ဒါနဲ့ လူနာက ကိုယ်မတည့်တာကိုယ်မသိဘူးလား...။ သူ့ဓာတ်မတည့်တာက အတော်ဆိုးတယ် ဂရုစိုက်စေချင်တယ်....။ ဒီတစ်ညတော့ ဆေးရုံမှာနေရမယ်။"

ပြောလဲပြော ဆေးချိတ်ပေးတါလဲ ပြီးပြီမို့ ဆရာဦးက ခေါင်းတစ်ချက်ဆတ်ပြကာ ထွက်သွားလေရဲ့....

" ကျေနပ်ပြီလား ဟမ်....။ ဒါမှမဟုတ် တစ်စိတ်ပဲ ခွံလိုက်ရလို့ နောင်တရနေတာလား..."

ဒေါသတကြီး ခနဲ့လို့ အတောင့်လိုက်ရပ်နေတဲ့ ရိပေါ်အား လစ်ဇ်မေးမိတယ်။ထိုအခါ ယန်းလီကျဲက လစ်ဇ်အားထိန်းလို့....

"ကျ..ကျနော်...."

ရိပေါ်မှာအာစေးမိနေတဲ့သူလိုဘာမှမပြောနိုင်ပေ....

"သူမသိလို့နေမှာပါ လစ်ဇ်ရယ်။ သိရအောင်လဲ ကျန့်ကိစ္စအဲ့လောက်သူက စိတ်မှမဝင်စားတာ....။"

"ယန်းကျဲ လစ်ဇ် ကြားထဲက လင်း တောင်းပန်ပါတယ်။ မောင်တစ်ကယ်မသိသလို လင်းလဲ ကော နဂါးမောက်သီးနဲ့မတည့်မှန်းတစ်ကယ်မသိကြတာပါ...."

ကြားထဲက လင်းတောင်းပန်နေတာကြောင့် ရော ယွိပင်းနဲ့ ကျိယန်တို့ကပါ ပြောနေတာကြောင့် ရန်လိုခြင်းတွေကနေငြိမ်သက်ပေးလိုက်တယ်....

ရိပေါ် တစ်ကယ်မသိခဲ့တာပါ....။လစ်ဇ်ကိုအနိုင်လိုချင်တဲ့စိတ်ဖြင့် ကောကိုကြွေးမိခြင်းပင်။ ကောအခုလိုထိ ဖြစ်သွားလိမ့်မယ်ဆိုတာသိခဲ့ရင် ရိပေါ်တစ်ကယ်မလုပ်ပါဘူး....

ခုလိုမြင်ရတော့ ရိပေါ်ရင်ထဲတစ်ကယ်မကောင်းဘူး ဘာကြောင့်လဲ။ အမှန်ဆိုဝမ်းသာသင့်တာမဟုတ်လား ခုကျတော့ ရိပေါ်ရင်ထဲ တင်းကျပ်နေတယ်.....

ခုတင်ထက်က ကော ကတော့ ဆေးပိုက် အောက်ဆီဂျင်ပိုက်တွေနဲ့ငြိမ်သက်စွာလဲလျောင်းနေပြီး မြင်နေရတဲ့ လက်ဖမိုး ခြေဖမိုးတို့မှာ အနီစက်တွေဖြင့်.....

သိပ်ချစ်မိ၍......(Complete )Where stories live. Discover now