ရိပေါ်ကိုတစ်ယောက်တည်းပြန်လို့ရမလားလို့ပြောပြီး ရှောင်ကျန့်က လုံဟွေ့မှာ ရက်အနဲငယ်လောက်ထပ်နေဖို့ပြောတယ်။
မနေ့ညကလဲ ရိူက်ကြီးတငင်ငိုလို့ ပြိုလဲနေတဲ့ရှောင်ကျန့်က ဘာဖြစ်နေမှန်းမသိရဘူး...။ သူ့မျက်ဝန်းတွေက အဖြေရှာရခက်တယ်။နောက်ပြီး တစ်ခုခုကိုအဖြေရှာနေပုံလဲရတယ်။ရိပေါ်က ပြန်ချင်နေတယ်ဆိုပေမဲ့ ၁၀ရက်လောက်နေပြီးတဲ့လုံဟွေ့ကို သဘောတော့ကျပါတယ်....။
ဒါကြောင့် ဘယ်နှစ်ရက်ထပ်နေမှာလဲလို့ ရှောင်ကျန့်ကိုမေးတော့ နောက်ထပ် ၃ ရက်လောက်ပဲ ကိစ္စရှိလို့ဆိုတာကြောင့် မထူးတော့ဘူးဆိုကာ ရိပေါ်ပါထပ်နေဖို့ဆုံးဖြတ်လိုက်ရတော့တယ်....
"ဖြစ်ရဲ့လား တိတိ ။မနေချင်တော့ရင် ပြန်လို့ရပါတယ်။ ကားယူသွားလိုက်ပါ ကိုယ် လိုင်းကားနဲ့ပဲပြန်ခဲ့လို့ရတယ်။"
တိတိနေရခက်နေမှာဆိုးလို့ ရှောင်ကျန့်ကပြောပေမဲ့ တိတိက မယုံသင်ကာနဲ့ ဘာကြောင့်လဲဆိုပြီးမေးနေတာမို့ ပြောမပြနိုင်တဲ့ရှောင်ကျန့်ကပဲ လိုက်လျောရတယ်။
တိတိမျက်နှာက ရှောင်ကျန့်တစ်ကမ္ဘာမို့လေ.....ရှောင်ကျန့် ပါးလို့တော့မခေါ်သေးဘူး။ ဘာဖြစ်လို့ဆို ဒီအခြေနေမှာခေါ်လို့မဖြစ်သလို စဥ်းစားစရာတွေလဲအရမ်းများလို့....။
ခုလဲပါးအိမ်လာပြီး မားနဲ့အဖော်လုပ်ပေးပြီး ရှေ့ဆက်ဘယ်လိုလုပ်ရမလဲဆိုတာ တိုင်ပင်ဖြစ်တယ်။
အခြေနေက ရုတ်တရက်ကြီးဆိုတော့ ပါးကလဲ ဟိုကိုပြန်ရဦးမှာဖြစ်သလို ရှောင်ကျန့်ကလဲ ပေကျင်းပြန်ပြီး မားရှောင်းလီရဲ့ ကစားပွဲမျက်နှာဖုံးကိုခွာချရမှာမို့ သက်ဆိုင်ရာနေရာတွေမှာ နေကြရဦးမည်...။
ပါးက လုံဟွေ့က သစ်သီးခြံအတော်အများကိုပိုင်ဆိုင်တဲ့ လုံဟွေ့ရဲ့ မျက်နှာဖုံး။ ဟိုမှာအအခြေ ချပေမဲ့ ဒီကလုပ်ငန်းတွေကို ဒေါ်လေးယုံတို့မိသားစုကိုလူယုံအဖြစ်လွဲထားပြီး ရသမျှငွေတွေကို company အချို့ရဲ့ share ဝင်လို့ လစဥ်ထိုအမြတ်ငွေတွေနဲ့ထိုင်စားနေရုံတဲ့လေ...။ အေးလေ နှစ်ယောက်တည်းပဲရှိတော့တာထင်ပြီး ဒီလိုလုပ်ထားတာကလဲ အေးဆေးပဲပေါ့...။ နှစ်ယောက်တည်းသုံးလို့မှမကုန်ပဲလေ...။
YOU ARE READING
သိပ်ချစ်မိ၍......(Complete )
FanfictionXiao Zhan သိပ်ချစ်မိတာအမှားဆိုရင် အဲ့အမှားကိုကိုယ်ပျော်ပျော်ကြီးပိုက်ထွေးထားမှာပါ တိတိရယ်....။ အမုန်းတွေနဲ့ပြည့်နှက်နေတဲ့တိတိရင်ထဲကို ကိုယ်ကအချစ်တွေဖြည့်ပေးချင်ပါသော်လည်း....... Yibo မုန်းတယ်...သိပ်မုန်းတယ်...။ ငါ့ဘဝတစ်ခုလုံးကို ယောက်ကျားချင်းက...