ရှောင်းလီ မြင်နေရတဲ့ဓာတ်ပုံတွေကို မယုံကြည်နိုင်စွာကြည့်နေရတယ်....
ပုံထဲ၌မြင်နေရသောသူက ဆယ်စုနှစ်ကြာမေ့ဖျောက်ထားခဲ့တဲ့ တစ်ချိန်က ချစ်ခဲ့မိသူနဲ့ သူ့၏အမချီချီက ရီမောနေတယ် ဒါပဲလားမဟုတ်သေးဘူး သူတို့ရီမောနေတဲ့အကြောင်းက ရှောင်ကျန့်ကိုထွေးဖက်ထားတဲ့ချီကျဲကြောင့်....
မြင်နေရတဲ့ ဓာတ်ပုံတွေက တစ်ခြားသူတွေအတွက် ကြည်နူးစရာ မိသားစုဓာတ်ပုံဆိုပေမဲ့ ရှောင်းလီအတွက်တော့ နာကြင်စရာတွေနဲ့ မုန်းစရာတွေချည်းသာ....
ရှောင်ကျန့် အကုန်သိသွားခဲ့ပြီလား ။ သိသွားခဲ့ပြီပေါ့ အားလုံးသိပြီးသွားသလို ငါ့ကိုလဲကောင်းကောင်းကြီး လှည့်စားနေတာ အရူးလုက်နေတာပေါ့.....
ဟား... ရှောင်ကျန့်.... မင်းသတ္တိတွေ သိပ်ကောင်းနေသလို မင်းငါ့ကို အောက်ထိဆွဲချချင်နေတာပဲ....
သိပ်ကစားချင်နေတဲ့ပွဲကို ငါက ပါရမီဖြည့်ပေးရမှာပေါ့လေ....
သူမလက်တွေတုန်ယင်စွာနဲ့ ဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်ကာ အရာအားလုံး အဆင်သင့်ဖြစ်အောင်ပြင်ထားခိုင်းလိုက်လေတယ်.....မင်းနဲ့ငါက ပြဒါးတစ်လမ်းသံတစ်လမ်းပဲ ရှောင်ကျန့်.....
.......................ဒီနေ့ညက အကျည်းတန်စရာကောင်းလောက်အောင် မှောင်မိုက်လွန်းနေတယ်။ လကွယ်ညဖြစ်သည့်အပြင် ကြယ်တစ်လုံးမှပင်ကိုမရှိ....
ရှောင်ကျန့် ဝရံတာမှာရပ်ကာ ကောင်းကင်ကိုမော့ကြည့်ပြီး သက်ပြင်းသာ အကြိမ်ကြိမ်ချနေမိတယ်....
ပြီးဆုံးတော့မည် အရာအားလုံး....။ သန်ဘက်ခါ... အင်း သန်ဘက်ခါဆိုအရာအားလုံးပြီးဆုံးမည်.....
"မအိပ်သေးဘူးလား.... "
အသံနဲ့အတူရောက်လာတဲ့ ရိပေါ်ကြောင့် ရှောင်ကျန့် လှည့်ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်တယ်....။ အိပ်မပျော်ဘူးဆိုတဲ့ သူ့အဖြေစကားကို တိတိက ဟက်ခနဲတစ်ချက်ရီလို့....
"ဘာလို့လဲ သန်ဘက်ခါ ထုတ်ကုန်ရွေးချယ်ပွဲအတွက် စိတ်ပူနေတာလား...."
"အင်း... ဟုတ်တယ်။ ရိပေါ်ရော အားလုံးပြင်ဆင်ပြီးသွားပြီလား..."
YOU ARE READING
သိပ်ချစ်မိ၍......(Complete )
FanfictionXiao Zhan သိပ်ချစ်မိတာအမှားဆိုရင် အဲ့အမှားကိုကိုယ်ပျော်ပျော်ကြီးပိုက်ထွေးထားမှာပါ တိတိရယ်....။ အမုန်းတွေနဲ့ပြည့်နှက်နေတဲ့တိတိရင်ထဲကို ကိုယ်ကအချစ်တွေဖြည့်ပေးချင်ပါသော်လည်း....... Yibo မုန်းတယ်...သိပ်မုန်းတယ်...။ ငါ့ဘဝတစ်ခုလုံးကို ယောက်ကျားချင်းက...