လုံဟွေ့ရောက်တော့ ညပင်မိုးချုပ်လေပြီ....။
အရင်တစ်ခေါက်လာတုန်းက အေးစက်ခဲ့တဲ့ခရီးက ယခုတစ်ခေါက်တော့ခြားနားစွာ နွေးထွေးတယ်။
တစ်လမ်းလုံး ရှောင်ကျန့်မပျင်းရလေအောင် ကလေးငယ်က စကားတွေတတွတ်တွတ်ပြောပေးတယ်။ အကြောင်းရာတွေက အရင်တုန်းက သူရှောင်ကျန့်ကို နာကြင်စေချင်လို့ သူ့သူငယ်ချင်းတွေစီ ရှောင်ကျန့်ကိုမုန်းတဲ့အကြောင်းတွေ နောက်ပြီး သူသင့်မြတ်ရအောင်လို့ပြောခဲ့တုန်းက ဟန်ဆောင်ပေမဲ့ သူတစ်ကယ်ရှောင်ကျန့်ပေါ်စိတ်ရင်းနဲ့ ကျန့်ခေါ်လို့ခေါ်ခဲ့ခြင်းတွေ နောက်ပြီး အသီးနဲ့ အလာ့ဂျစ်ဖြစ်တတ်မှန်းတစ်ကယ်မသိခဲ့ပဲ အရမ်းစိုးရိမ်ပူပန်မိခြင်းတွေ စသဖြင့် မျက်ရည်တွေဝေ့သီလို့ စီကာပတ်ကုံးရှင်းပြရှာတယ်။
သူသိပ်ဆိုး သိပ်ရိုင်းခဲ့ပါတယ်တဲ့။ ရှောင်ကျန့်ကအပစ်မမြင်ရက်ပါဆိုတော့လဲ ကလေးငယ်က ပိုငိုခဲ့တယ်။ ကားတစ်ထောင့်နားလိုက် ကလေးငယ်ကိုချော့လိုက်နဲ့မို့ လုံဟွေ့အဝင်နောက်ကျခြင်း။
ကားဆီဖြည့်တဲ့နေရာရောက်တော့ အဲ့တုန်းက ရှောင်ကျန့်ခိုးနမ်းခဲ့မိတာဝန်ခံတော့ ကလေးငယ်က ရှက်ဆွေးပါသေးတယ်။
ရှောင်ကျန့်ပင်ပန်းမှာဆိုးတဲ့ကလေးက ကားကိုလဲ တစ်ဝက်မောင်းကူသေးတယ်။"သားတို့နောက်ကျတယ်နော် လမ်းမှာအဆင်ပြေခဲ့ရဲ့လား..."
ရှောင်ပါးရဲ့အမေးကို အဆင်ပြေခဲ့ကြောင်းပြောကာ အိမ်ထဲဝင်ကြတော့ ကော ဆိုကာ အသံပြဲကြီးနဲ့ အော်ကာ ပြေးလာဖက်တဲ့ လစ်ဇ်ကြောင့် လူကအင့်ခနဲပင်...
ဒီကလေးမ လူကသာပိန်တာ အားကမနဲ....
"လွမ်းနေတာ ကော..."
"အချွဲမ...."
နှစ်ယောက်သားကဖက်ကာအလွမ်းသယ်နေကြတာ ဘေးက ရိပေါ်ကိုရှိတယ်တောင်မထင်ပေ...။
ခရီးလဲပမ်း ကားစီးရတာငြီးစီစီဖြစ်နေရတဲ့ကြားထဲ ဒီမြင်ကွင်းကပါ ရိပေါ်စိတ်တွေကိုပိုညစ်သွားစေတာကြောင့် နားရမဲ့ အပေါ်ထပ်အခန်းဦးတည်မယ်ပြင်ကာမှ....
"ဝေ့....ပင်ပမ်းလာကြပြီလား..."
တညီတညာထဲအော်ကာ နောက်ဖေးကထွက်လာကြတဲ့ ယန်းကျဲ ပင်းကော ကျိကော ချန်ကော နဲ့ ရွမ်းနဲ့ဖန်ရှင်းတို့....

YOU ARE READING
သိပ်ချစ်မိ၍......(Complete )
FanfictionXiao Zhan သိပ်ချစ်မိတာအမှားဆိုရင် အဲ့အမှားကိုကိုယ်ပျော်ပျော်ကြီးပိုက်ထွေးထားမှာပါ တိတိရယ်....။ အမုန်းတွေနဲ့ပြည့်နှက်နေတဲ့တိတိရင်ထဲကို ကိုယ်ကအချစ်တွေဖြည့်ပေးချင်ပါသော်လည်း....... Yibo မုန်းတယ်...သိပ်မုန်းတယ်...။ ငါ့ဘဝတစ်ခုလုံးကို ယောက်ကျားချင်းက...