ပိုးကို အတော်များကလာမေးကြတာလေးတွေဖြေပေးချင်လို့ပါနော်....
ပိုးကို နိုင်ငံရေးနဲ့ပက်သက်တာ ပိုးရဲ့FB မှာ မတင်လို့ ပိုးကို ဘယ်ဘက်ကလဲမေးနေကြတဲ့သူတွေ....
ဟုတ် ပိုးက acc မှာ ဘာမှမတင်ဘူးမှန်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ အကောင့်က ပိုးစာရေးတဲ့ အကောင့်မို့ပါ ခွေးတစ်သိုက် Rp ထုရင် ပိုးချစ်တဲ့ သူငယ်ချင်းတွေအပြင် ပိုးမြတ်နိုးတဲ့ gp တွေ ထိခိုက်ရမှာကြောက်လို့ acc ကို အရှင်းထားတာပါ....ဒီအကောင့်မဟုတ်တဲ့ တစ်ခြားအကောင့်နဲ့ကျမက တစ်ဖက်တစ်လမ်းကနိုင်သလောက် နိုင်ငံပေါ် သိတတ်ပါတယ်။ ဆန္ဒပြပွဲတွေမမောနိုင်မပန်းနိုင်ပါဝင်ခဲ့သလို ယခုလိုခက်ခဲကာလတွေမှာ ကျမပရဟိတလဲလုပ်ကိုင်နေပါတယ်။ ကြွားဝါတာမဟုတ်ပါဘူး သိချင်နေကြလို့ပြောပြတာပါ...
ကျမအမက ဆေးဆိုင်ဖွင့်ထားတာပါ အခုလိုအပ်နေတဲ့နေရာတွေမှာ ကျမတို့ ဆေးတွေတတ်နိုင်သလောက် ထောက်ပံပေးပါတယ်ရှင့်။ကျမသွေးကအနီ ကျမကအမေ့သားသမီး သိဘို့...!!!!နောက်တစ်ခု...
စိတ်အေးလက်အေး ဒီလိုအခြေနေတွေမှာ စာရေးဖြစ်တာမဟုတ်ပါဘူးနော် ညစ်နေတဲ့စိတ်တွေ ကိုယ့်လိုပဲ လူတိုင်းက စိတ်ညစ်နေကြတဲ့အချိန် တစ်စွန်းတစ်စ စိတ်ထွက်ပေါက်လေးရအောင်ရေးတာပါ...။
အားအားယားယားရေးနေတာမဟုတ်ပါဘူးနော်။ ကိုယ့် စာလေးဖတ်ပြီး တစ်ခန စိတ်ထွက်ပေါက်ရစေချင်ရုံသက်သက်ပါ...။................
ထပ်ပြီးတော့ ခုပြီးသွားတဲ့ သိပ်ချစ်မိ၍လေးက အရမ်းခါးတာလေးနဲ့ပက်သက်ပြီး ပြောကြတယ်။
ကောကိုတစ်လျှောက်လုံး အနိုင်ကျင့်မုန်းပြီးမှ နောက်ပိုင်းတိက ဖြစ်ပျက်နေတာ အဓိပ္ပါယ်မရှိဘူးတဲ့....
ဟုတ်... ဝေဖန်ပေးတါကျေးဇူးတင်ပေမဲ့ စာဖတ်သူတို့သေချာဖတ်ကြမယ်ဆို နောက်ဆုံးချိန်ထိ ရိပေါ်က ကိုကို့ပေါ် အမှားတွေကိုနောင်တရကြောင်း တဖွဖွပြောခဲ့ပါတယ်နော်။
နောက်ပြီး သူကိုကို့ကို စတွေ့တည်းကချစ်တယ်ဆိုတာ အစပိုင်းအပိုဒ်တွေမှာ ပိုး spoiler တွေပေးခဲ့ပါတယ် သတိထားမိကြလား။ ဒါကြောင့် ပိုးကတော့ တိတိက အမျိုးမျိုးလုပ်တာမဟုတ်ဘူးပြောချင်တယ်။ သူ့စိတ်က ကလေးလိုဆိုးချင်ချွဲချင်တဲ့ပုံစံပေမဲ့ ရုတ်တရက် အဖေကြောင့်ရော ကောကိုအထင်လွဲတာပါပေါင်းပြီး Storng ပုံစံသွင်းပေးတါပါ ဒါပေမဲ့ သူက စိတ်နုတယ်ဆိုတာ တစ်ယောက်တည်းခံစားရတဲ့အခန်းတွေမှာ ပိုးဖော်ပြပေးခဲ့ပါတယ်နော်။
ဟုတ် ပြောချင်တာကတော့ ဒါပါပဲ...

YOU ARE READING
သိပ်ချစ်မိ၍......(Complete )
FanfictionXiao Zhan သိပ်ချစ်မိတာအမှားဆိုရင် အဲ့အမှားကိုကိုယ်ပျော်ပျော်ကြီးပိုက်ထွေးထားမှာပါ တိတိရယ်....။ အမုန်းတွေနဲ့ပြည့်နှက်နေတဲ့တိတိရင်ထဲကို ကိုယ်ကအချစ်တွေဖြည့်ပေးချင်ပါသော်လည်း....... Yibo မုန်းတယ်...သိပ်မုန်းတယ်...။ ငါ့ဘဝတစ်ခုလုံးကို ယောက်ကျားချင်းက...