Part (23)

3K 177 1
                                    

"ကိုယ်တောင်းပန်ပါတယ် ကလေးရယ်။ ခွင့်လွတ်ပါနော်။ အဲ့တာတွေအကုန်လုံး လစ်ဇ်နဲ့ ဟိုကောင်တွေ ကမပြောပဲနေခိုင်းတာ။"

"သူတို့မပြောခိုင်းတာနဲ့ပဲ ကိုကိုက ရိပေါ်ကိုအရူးလုပ်ပြီးဖုံးကွယ်ထားရသလား...။ ရိပေါ်ဘယ်လောက်စိတ်ဆင်းရဲခဲ့ရသလဲ ကိုကိုမသိဘူး။ ကိုကိုရိပေါ်ကို အလေးမထားတာ...ဟင့်..."

ခုကတော့ လစ်ဇ်က ရှောင်းမေ မှန်းအကြောင်းစုံသိသွားပြီဖြစ်တဲ့ ရိပေါ်က ဖုန်းကွယ်ကြတဲ့ အားလုံးထဲမှ သူ၏လင်ကိုသာ ရွေးကောက်နေခြင်းပင်...

ချော့နေရသောရှောင်ကျန့်မှာလဲ ၃ ရက်ပင်ရှိပြီဖြစ်သော်လဲ ကလေးငယ်က စိတ်ဆိုးမပြေသေးချေ...

သိရခြင်း ညနဲ့ နောက်နှစ်ရက်တုန်းကဆို ကလေးက သူ့အားစကားပင်မပြော။ ရှောင်ကျန့်မှာ တတွတ်တွတ်နောက်က အာပေါက်မတတ်လိုက်ချော့လိုက်စကားပြောနေပါသော်လဲ လှည့်၍ပင်မရှိခဲ့။ ယခုသုံးရက်မြောက်နေ့မှ စကားပြန်ပြောလာလေတယ်။
ဒီအကြောင်းတွေးမိရင် လစ်ဇ်အပါဝင် ဟိုမကြီးမငယ်တို့အားသတ်ချင်ပါဘိ...။

ဘယ့်နှယ်သူတို့ကြောင့် ငါက ကလေးစိတ်ကောက်တာခံရတယ်လို့ ဘာမှလဲမဆိုင်...။ ကိုယ်ကအစကတည်းကပြောပြချင်ပေမဲ့ ရိပေါ်နင့်ကိုချစ်မချစ်သိချင်ရင် လုံးဝမပြောနဲ့ဆိုပြီးပိတ်ထားတော့ ကိုယ့်မှာပြောလဲပြောပြချင် ချစ်လားမချစ်လားလဲသိချင်နဲ့ လိုက်မျှောမိတာ ခုတော့ ကလေးကစိတ်ဆိုးလေပြီ....

"မဟုတ်တာကလေးရယ် ကိုယ့်ဘဝမှာ အလေးထားရဆုံးနဲ့ ကိုယ့်ရဲ့အချစ်ရဆုံးက ကလေးပါ...။"

"မသိဘူး စိတ်တိုတယ်။ ကျနော် နဲ့ဝေးဝေးနေ ။"

ရှောင်ကျန့်ဘဝက ခုမှ မစားရအညှော်ခံလေးပင်...။
လုံဟွေ့ရောက်ရင် ကိုကို့သဘောဆိုတဲ့စကားကြောင့် နေ့နေ့ညညချစ်ပစ်မယ်တွေးထားခဲ့သမျှ ရေစုန်တွေကိုမျှောလို့။

ရှောင်းမေ, မ ,သတ်ချင်တယ်ဒင်းကို....!!!
.........

"ရိပေါ် ခုထိ ကောကိုစိတ်ဆိုးနေတုန်းလား..."

"ဟုတ်တယ်။ ကျဲ နင်စဥ်းစားကြည့် ငါ့ကို ကျဲတို့နောက်ချင်ရင်တောင် သူငါ့ကိုချစ်ရင် တိတ်တိတ်လေးပြောပြရမယ်မဟုတ်ဘူးလား ငါက မသိချင်ယောင်ဆောင်ပေးမှာကိုပဲ...။"

သိပ်ချစ်မိ၍......(Complete )Where stories live. Discover now