Part (2)

2.5K 214 9
                                    

ရှောင်ကျန့်အိမ်မက်ဆိုးကြောင့် လန့်နိုးလာခဲ့တယ်...။ ချွေးစက်တွေနဖူးမှာဝေ့သီလို့ လူကမောဟိုက်နေလေတယ်....။

သူဒီအိမ်မက်ကိုမက်ခဲ့တာ အသက်၇ နှစ်ကတည်းကပင်...။ ဘာလဲတော့ ရေရေရာရာမမက်မိတတ်ဘူး....။

အိမ်မက်ထဲမှာ မိုးတွေသည်းစွာရွာနေတယ် မိုးတွေ တဂျုန်းဂျန်းခြိမ်းလို့ လျှပ်စီးကြောင်းများတစ်ချက်တစ်ချက်လျှပ်လာတိုင်း မိန်းမတစ်ယောက်မျက်နှာပေါ်ပေါ်လာခဲ့တယ်။ ကြောက်စရာကောင်းတယ်။သူမဘာတွေပြောနေလဲမမှတ်မိသလို သူ့စကားတွေကြောင့် ငိုနေတဲ့ကလေးတစ်ယောက်ရဲ့အသံကလဲ ဆူညံစွာ....

ရှောင်ကျန့်ခေါင်းကိုခါရမ်းလိုက်ပြီး နာရီကြည့်လိုက်တော့ မနက် ၁နာရီပင်ရှိသေး....။
ရေဆာလာတာကြောင့် ရေသောက်ရန်ကြည့်တော့ ရေဘူးထဲရေက တစ်စက်မှမရှိ......

ဒါနဲ့ပဲ ရေဘူးယူကာ ရေဖြည့်ဖို့ အောက်ထပ်ထမင်းစားခန်းထဲဆင်းလာလိုက်တယ်...

"ဟင်..တိတိလေး ဘာလုပ်နေတာလဲ..."

ထမင်းစားခန်းတဲ့လူပ်တုပ်တုပ်နဲ့ ဟိုရှာဒီရှာလုပ်နေတာမို့ ရှောင်ကျန့်မေးလိုက်တယ်...။
ရှောင်ကျန့်အသံကြား၍ထင် ခန္တာကိုယ်အသေးလေးက လန့်ကာတုန်သွားပြီး ရှောင်ကျန့်ကိုခပ်စူးစူးကြည့်လာတယ်...။

"ငါ့ဘာသာ ဘာလုပ်လုပ် မင်းအလုပ်လား..."

"မဟုတ်ပါဘူး ကိုကိုက တိတိ လေးတစ်ခုခုရှာနေတယ်ထင်လို့ပါ...။"

"ဘယ်သူကမင်းညီမို့လဲ တိတိ ကိုကိုနဲ့ ဇတ်လမ်းလာရိုက်မနေနဲ့ ရွံ့စရာကောင်းလို့...။"

"ကိုကိုလို့ပြောတာမကြိုက်ရင် ကိုယ်မပြောတော့ပါဘူး ဒါပေမဲ့ တိတိ လို့တော့ဆက်ခေါ်ရလိမ့်မယ် သခင်ကြီးမှာထားတာကြောင့်...."

"ဟက်...ဟုတ်သားပဲ လိမ္မာတဲ့ခွေးလေးက သခင်စကားနားထောင်ရမှာပေါ့...."

ခနဲ့စွာရီလို့ ပြောထွက်လိုက်တာ ခွေးတဲ့လား တိတိရယ်...။

"တိတိ ထင်ချင်သလိုထင်ပါ...။ တိဗိုက်ဆာလို့လား...အာ ဟုတ်သားပဲ တိ ညစာမှဆင်းမစားခဲ့တာ...။ ကို..အဲ ကိုယ်ခေါက်ဆွဲဲပြုတ်ပေးရမလား...."

သိပ်ချစ်မိ၍......(Complete )Where stories live. Discover now