ပိုး ဒီ #သိပ်ချစ်မိ...၍#ဆိုတဲ့ Ficလေးကို ခနရပ်နားထားပါ့မယ်....။ ဖတ်နေကြတဲ့သူတွေကိုတော့ အရမ်းအားနာပါတယ်။
ဒါပေမဲ့ အပြောခံရတဲ့ပိုးအတွက်တော့ ဆက်ရေးဖို့ အင်အားမရှိတော့လို့....
ရှေ့နှစ်ရက်လောက်က ပိုး Fb ရဲ့Cb ထိလာပြီး ပြောဆိုသွားတယ်။ ဒီတစ်ပုဒ်က အတိကျကို သူဖတ်ဖူးတာနဲ့တူတယ်တဲ့ ။ ခိုးရေးနေတာ မရှက်ဘူးလာတဲ့ ။ ပိုး ဖတ်သူတွေကိုမေးပါ့မယ် ခုပိုးရေးနေတာကို အရင်ကဖတ်ဖူးကြလားပုံစံတူ ။ ရှိတယ် ဖတ်ဖူးတယ်ဆို အားမနာနဲ့ပြောကြပါ...။ပိုးကတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်။ ပိုးဘယ်သူ့ ဟာမှခိုးမရေးသလို ဇတ်ကားကိုမှီငြမ်းရေးမယ်ဆိုလဲ ပိုး ဘယ်ဇတ်ကားကိုမှီငြမ်းပါတယ်ဆိုတာ အတိကျပြောပြပါတယ်နော် မိတ်ဆက်မှာကတည်းက...
ခုက အဲ့တစ်ယောက်ပြောဆိုသွားတာ တော်တော်လေး ပိုးစိတ်မကောင်းဖြစ်ရတယ်။ ဘယ်ဟာလဲ ဘယ်သူနဲ့တူတာလဲ ပြဆိုတော့လဲ မပြပဲ အသားလွတ်စော်ကားသွားတာ...
ပိုး ဖုန်းနဲ့ ပိုးဘေလ် ကုန်ခံပြီးရေးရတာပါ။ ပိုးဘာမှရထားတာမရှိသလို ဘယ်သူ့ဆီကမှလဲ ဟိုဟာပေးပါဒီဟာပေးကြပါ မတောင်းဖူးပါဘူး...။ ဒါကိုဘာလို့ ပိုးကို လာစော်ကားရတာလဲနားမလည်ဘူး...။
Fb cb ထိလာပြီးပြောကြကတည်းက ပိုးကိုသိကြတဲ့လူတွေပဲနေမှာပါ...။ တစ်ယောက်တည်းမဟုတ်ဘူးနော် လေးငါးယောက် Gp ထဲထည့်ပြီး ဝိုင်းပြောကြတာ...
အတော်လေးလဲ စိတ်တိုသလို ဝမ်းလဲနဲတယ်။လာပြပါ တစ်ထပ်တည်းတူနေတယ်ဆို သက်သေနဲ့တကွလာပြပေးပါ....။ တစ်ကယ်သာဆို တောင်းပန်ပါ့မယ်....။
ဒါပေမဲ့သေချာပြောရဲတယ် ဒါပိုးစိတ်ကူးနဲ့ပိုးရေးတာ...
စကားမစပ် အခုလိုအပြောခံနေရတာ ခုမှတော့မဟုတ်ဘူး မှတ်မှတ်ရရ ပိုး ချစ်ရသော...သူ Fic စရေးကတည်းကပဲ...ဘာလို့ ပိုးကိုပဲ အပြစ်ရှာနေကြတာလဲ ။
သူငယ်ချင်းချစ်သူ ဆိုတဲ့ဟာလဲ ပိုးကုလားကားတစ်ခုကို ပြန်ရေးတယ်ပြောထားတယ်နော်။ မယုံရင် Intro ment တွေမှာဝင်ကြည့်ပေးပါ...။ ဒါလဲအပြောခံရတာပဲ ။ ဘာတဲ့ ရေးစရာမရှိရင် သူများဇတ်ကား ထိုင်ကူးရေးနေရအောင် အားနေသလားတဲ့...။ မဖတ်ချင်ရင်ကျော်သွားလေ စောက်ပြသနာရှာနေကြတာ မမောကြဘူးလားဟင်...။ထားပါတော့....ပြောသွားတာတွေများလွန်းလို့ ဒေါသတွေမကုန်နိုင်သေးဘူး။ ပြောဆိုသွားကြပြီးတန်းစီပြီးလဲ ပိုးကို Bl သွားကြသေးတယ်။ အတော်ရိုင်းတဲ့ဟာတွေ...။ အကုသိုလ်များလိုက်တာ...။
ပိုးကိုက ဝါသနာပါလွန်းလို့ ရေးမိတာက အမှားပဲ....
လောလောဆယ်တော့မရေးသေးဘူး အားနာပါတယ်။ ပိုး စိတ်အခြေနေက မကောင်းနေဘူး....
ကိုယ်ရေးတာမကြိုက်ကြရင်လဲပြောပါ ပိုးရေးခဲ့သမျှFic တွေ အကုန်ပြန် Un ပစ်ပါ့မယ်။ ခုလိုတော့ စကားတွေနဲ့လာမသတ်ကြနဲ့....။ တစ်ကယ်စိတ်ပင်ပန်းတယ်...။
YOU ARE READING
သိပ်ချစ်မိ၍......(Complete )
FanfictionXiao Zhan သိပ်ချစ်မိတာအမှားဆိုရင် အဲ့အမှားကိုကိုယ်ပျော်ပျော်ကြီးပိုက်ထွေးထားမှာပါ တိတိရယ်....။ အမုန်းတွေနဲ့ပြည့်နှက်နေတဲ့တိတိရင်ထဲကို ကိုယ်ကအချစ်တွေဖြည့်ပေးချင်ပါသော်လည်း....... Yibo မုန်းတယ်...သိပ်မုန်းတယ်...။ ငါ့ဘဝတစ်ခုလုံးကို ယောက်ကျားချင်းက...