Part (6)

1.9K 184 8
                                    

လုံဟွေ့ ကအတော်သာယာတဲ့ဒေသလေးပင်ဖြစ်သည်...။အရမ်းကြီးခေါင်ခိုက်နေတာမျိုးမဟုတ်ပေမဲ့ ကျေးလက်သဘာဝအငွေ့သက်တွေကတော့ အပြည့်။

စိုက်ပျိုးရေးလဲ အတော်ဖြစ်ထွန်းတဲ့ နေရာ...။
ခုရှောင်ကျန့်တို့က ဒေါလေးယုံ တို့အိမ်မှာနေကြခြင်း...။ ဒေါလေးယုံမှာ ဖူ နဲ့ ရုံဆိုတဲ့သမီးနှစ်ယောက်ရှိတယ်။ ရိပေါ်လေးနဲ့ရွယ်တူပေါ့...။ ဒေါလေးယုံရဲ့ ယောက်ကျား ဦးယီလုံ ကတော့ လုံဟွေ့ရဲ့ သူကြီး။

ရှောင်ကျန့်ကမနက်အစောကြီး ထကျင့်ရှိသူမို့ အစောကြီးထ ရေမိုးချိုးပြီး ဖူ၊ရုံတို့နဲ့ ဘုန်ကြီးကျောင်းမှာ ဆွမ်းသွားကပ်ပြီးပြန်လာလေတာ...။ ဒီရွာက ဗုဒ္ဓဘာသာ ကိုးကွယ်ကြသည်လေ....

ရှောင်ကျန့်ပြန်ရောက်တဲ့ထိ တိတိလေးက မနိုးသေးဘူးထင်တာကြောင့် သွားနိုးမို့ အပေါ်ထပ် အခန်းထဲ ဝင်လိုက်တော့ တိတိက ရေတောင်ချိုးပြီးနေပြီ...

"မင်း ဘယ်သွားနေတာလဲ...!!"

လေသံကတော့ မာကျောနေရောပါပဲ...။ အင်းလေ ဝမ်ရိပေါ်ဆိုတာက ရှောင်ကျန့်ပေါ် ဘယ်တုန်းက နူးညံဖူးလို့လဲ...

"ကိုယ် ဖူရယ်ရုံ ရယ်နဲ့ ဘုန်ကြီးကျောင်းသွားတာပါ....။"

"ဟက်မင်းလိုလူက ရင်းနှီးလွယ်သားနော်..။ သြော် ဒါနဲ့ မနေ့ညက ငါ့အဝတ်ပေတွေရော..."

"ကိုယ်ရေချိုးရင်းနဲ့ လျှော်လှန်းထားပြီးပြီ...။နောက်ပြီး ကိုယ့်ကို မင်းနဲ့ငါပြောမဲ့အစား တစ်ခုခုပြောင်းခေါ်ပါလား တိတိ..."

"ဘာလို့လဲ...။ တစ်သက်လုံး ဒီလိုပဲခေါ်လာတာ ခုမှ ဘာတွေလာပြောင်းနေတာလဲ...။"

"က်ိုယ်က ဘာမှမဖြစ်ပါဘူး ဒါပေမဲ့ သူများတွေအမြင်မှာ တိတိကို ရိုင်းတယ်မမြင်စေချင်လို့ပါ..."

"ငါက သူများအမြင်တွေဂရုမစိုက်တတ်ဘူးး....။ အဝတ်တွေတွက်လဲ ကျေးဇူးမတင်တော့ဘူး ငါခိုင်းတာမဟုတ်ပဲ မင်းဘာသာလုပ်လို့ ။ "

ရှောင်ကျန့်ဆက်ပြောဖို့ပြင်လိုက်ပေမဲ့ စားပွဲပေါ်တင်ထားတဲ့ ရိပေါ်ဖုန်းလေးတုန်ခါလာတာကြောင့် မပြောဖြစ်တော့ပေ...။
ရိပေါ်ကလဲ ဖျတ်ခနဲဆွဲယူပြီး အပြင်ကိုထွက်သွားခဲ့တယ်။

သိပ်ချစ်မိ၍......(Complete )Where stories live. Discover now