Part (16)

2.6K 188 13
                                    

အရာအားလုံးက ငြိမ်သက်တိတ်ဆိတ်သွားပြီ......

နောက်ဆုံးမှာ..ရှောင်းလီ လီဟွေ့နဲ့သူ့အပေါင်းအပါအချို့က မရူ့မလှ ရဲတွေလက်ထဲ အော်ဟစ်ကာပါသွားခဲ့ရတယ်။

ကြောပြင်ကိုကျည်မှန်သွားတဲ့ ရှောင်ကျန့်ကတော့ အရေးပေါ်ခန်းထဲ ခွဲစိတ်နေရသလို ဖြစ်ပျက်ခဲ့သမျှ အကြောင်းရာတွေကြား ပဟေဠိများစွာနဲ့ ရင်ထဲတင်းကျပ်ဆို့နင့်နေတာက ရိပေါ်....

ရှောင်းလင်မယားနဲ့ ကျိယန်တို့အုပ်စုကတော့ စိုးရိမ်ပူပန်ခြင်းများစွာဖြင့်....

ဆေးရုံရဲ့အရေးပေါ်ခန်းရှေ့မှာ လူ၉ ယောက်ကတော့ မမြင်ရတဲ့အခန်းကို တကြည့်ကြည့်ပါပဲ....

" ကျေနပ်လား။ ကျေနပ်ရဲ့လား ဝမ်ရိပေါ်။ နင့်ဘဝရဲ့အမုန်းဆုံးလူ သေရေးရှင်ရေးဖြစ်နေတာ ကျေနပ်ရဲ့လား.... "

ရိူက်သံဒေါသ သံတို့ရောထွေးကာ မေးလာတဲ့ လစ်ဇ်က ရိပေါ်ကို နာကြည်းနေတဲ့မျက်ဝန်းတွေနဲ့မေးတယ်။

"သမီး လစ်ဇ် ဒါတွေက ဦးအမှားတွေပါ။ သားကျန့်ခုလိုဖြစ်ရတာ ဦးကြောင့်ပါ..."

ဝမ်ပါးက ဝင်ပြောကာ ရှင်းတမ်းထုတ်ရတော့သည်။

"အဖြစ်ပျက်က လွန်ခဲ့တဲ့ ၇လက စတယ်သားငယ်....အင်း တစ်ကယ်ဆို သားကျန့် တက္ကသိုလ်စတတ်တော့မယ်ဆိုတော့ သားကျန့်က Art&Design တတ်ချင်ခဲ့တာ ဒါပေမဲ့ ပါးက စီးပွားရေးတတ်ဖို့ တောင်းဆိုခဲ့တယ်။ ဒီကလေးကို ပါးသိပ်ပြီး သနားသလို သားတစ်ယောက်လိုအားကိုးချင်ခဲ့တယ်။ နောက်ပြီး သူ့ဘဝရဲ့နောက်ကြောင်းကို ပါးစုံစမ်းအပြီးမှာ သနားပိုရသလို ပါးသားတစ်ယောက်အဖြစ်အပိုင်လိုချင်ခဲ့မိတဲ့အတ္တတွေပါဖြစ်လာတယ်။ အဲ့ချိန်တုန်းက သားငယ်က ပါးဘာပြောပြော ဆန့်ကျင်ဘက်လုပ်နေခဲ့တာလေ။ ပါးသိပ်အားကိုးချင်မိတဲ့သားငယ်ကို မသိမ်းသွင်းနိုင်ခဲ့တော့ အဲ့အတ္တတွေကို သားကျန့်အပေါ်လွဲမိတယ်။ လိမ္မာပြီး အရာရာကျေးဇူးသိတတ်တဲ့ သားကျန့်က ပါးစကားကိုတသွေမသိမ်းလိုက်နာပေးခဲ့တယ်။ သားငယ်အမြင်မှာတော့ ပါးယုံကြည်မူ့ကိုလိုချင် ပါးပစ္စည်းတွေကိုမက်မောနေတဲ့သူအဖြစ်ပဲတွေးခဲ့မှာပေါ့...။ နောက်ပိုင်း ရှောင်းလီကြံစည်သမျှကိုသိလာရတော့ ပါးရဲ့ မတရားလွန်းတဲ့ အတ္တက သားငယ်ကိုလဲ လိမ္မာရင့်ကျက်လာစေမယ် ရှောင်းလီရဲ့ စရိုက်အမှန်ကိုလဲ ဖွင့်ထုတ်နိုင်မဲ့နည်းကို သားကျန့်ကိုပြောပြတော့ ငြင်းခဲ့တယ်...။ ဘာလို့ငြင်းခဲ့လဲသိလား...."

သိပ်ချစ်မိ၍......(Complete )Where stories live. Discover now