Part (19)

3.4K 208 12
                                    

"မောင်...မောင်ဘာပြောလိုက်တယ်...။ မနောက်ပါနဲ့မောင်ရယ်....။"

" ကိုယ်အနူးညွတ်တောင်းပန်ပါတယ် လင်းအာ။ ပါးစပ်ဆယ်ပေါက်ရှိရင်တောင်ပြောစရာ စကားမရှိတော့ပါဘူး။"

လင်းအာ မယုံကြည်နိုင်ဖြစ်သွားသလို လူကလဲ အားအင်တွေပါယုတ်လျော့သွားသလိုပင်...။

ဘာတဲ့ တွေ့ကြရအောင်ဆိုပြီး ပြောတာက လမ်းခွဲကြဖို့တဲ့။ အကြောင်းပြချက်ကဘာလဲမေးတော့ ရှောင်ကျန့်ကို အရမ်းချစ်နေတာရယ် မစွန့်လွတ်နိုင်တာရယ်ကြောင့်တဲ့။
ရှောင်ကျန့်ကိုချစ်ခဲ့တာ အခုမှမဟုတ် ဟိုးလွန်ခဲ့တဲ့ ၅နှစ်စတွေ့ကတည်းကဆိုပဲ....။ဟက်...ဘာကြီးလဲ တစ်လျှောက်လုံးအရူးလုပ်ခံခဲ့ရတာလား..

"မပြောနဲ့ ..!!မတောင်းပန်နဲ့..!! မောင် ပြောတော့ လင်းကိုချစ်တာဆို။ အဲ့လူကိုအရမ်းရွံ့အရမ်းမုန်းတာဆို... ခုကျတော့ ဘာလို့လဲ ဘာလို့လဲလို့...."

ရိပေါ်ရင်ဘတ်ကိုတဘုန်းဘုန်းထုကာ အော်ဟစ်ငိုယိုပေါက်ကွဲနေတဲ့လင်းက အတော်ခံစားနေရဟန်....

"တောင်းပန်ပါတယ်။ အဲ့တုန်းက ကိုယ်သူ့ကိုမုန်းနေမိလို့ ပါးစပ်ကထွက်ရာပြောခဲ့တာပါ။"

ဖြန်း....!!!!

ရိပေါ်ပါးပြင်က ပူခနဲဖြစ်သွားသလို ဖွေးဥလွန်းတဲ့ပါးပြင်မှာလဲ လက်ရာက ထင်းခနဲပင်...။

" ရိုက်ပါ...။ လင်းအာ ကျေနပ်တဲ့ထိရိုက်ပါ။"

လင်းအာ စိတ်ထဲ ယူကြုံးမရခြင်းတွေ ဒေါသတွေ အမုန်းတွေက တိုးတိုက်လို့ဝင်လာနေတယ်။ ဒီလူသားက သူ့ကိုသိပ်ချစ်ပါတယ်ဆိုပြီးကြွေးကြော်ခဲ့တာ...။ ခုတော့...အား...မုန်းတယ် ။

" မောင် အဲ့အခြောက်ကောင်ကို တစ်ကယ်ချစ်တာတဲ့လား ဟမ်...။ အဲ့ဆို လင်းကို ကစားခဲ့အရူးလုပ်ခဲ့ရုံသပ်သပ်လားမောင် ပြောပါ ပြောစမ်းပါ မောင်ရဲ့...."

" လင်းအာ...မင်းစိတ်တိုတာ ငါ့ကိုပဲပြောပါ ကောကို အဲ့လိုစကားလုံးတွေမသုံးနဲ့ ငါမကြိုက်ဘူး..."

ရိပေါ်မှားခဲ့တာမို့ သူမ ကျေနပ်သည်ထိလုပ်ပေးဖို့ တွေးထားပေမဲ့ အဲ့ထဲမှာ ကောကိုစော်ကားခွင့်မပါဝင်ဘူး။ ထို့ကြောင့် သူမကိုမာန်ပါပါအော်လိုက်တယ်။
သူ့စကားကြောင့်သူမက ငိုလျက်ဟားတိုက်ကာရီပြန်တယ်။

သိပ်ချစ်မိ၍......(Complete )Where stories live. Discover now