အမိန့်ဆန်စွာသြဇာအပြည့်နဲ့ထွက်ပေါ်လာတဲ့ဝမ်သခင်ကြီးအသံကြောင့် ခန်းမထဲကျန်ခဲ့တဲ့သူများမလူပ်မယှက်သာရပ်နေမိတော့တယ်...
"ပါပါး...!!!"
စင်အောက်ကိုပြေးဆင်းကာ ရိပေါ် ပါပါးရင်ခွင်ထဲ ဝင်လိုက်ပြီးတင်းကြပ်စွာဖက်တွယ်လိုက်ခြင်းမှာ ပါပါးဆီက အင့်ခနဲမြည်သည့်ထိ....
မဖြစ်နိုင်တာ...။ ဘာတွေဖြစ်သွားတာလဲ မနေ့ကထိ ပါပါးက စံအိမ်မှာ မလူပ်မယှက်လဲနေတုန်းပဲမလား...။ ခုက အကောင်းပကတိ။
"ပါး သားငယ်လေးက အရမ်းတော်ပြီး ရင့်ကျက်လာပြီ...။"
သားအဖနှစ်ယောက်လွမ်းခန်းကို တစ်ဖက်က ကြည်နူးစွာကြည့်နေသလို လီဟွေ့နှင့် ရှောင်းလီမှာတော့ တုန်လူပ်ခြောက်ခြားနေခဲ့ပြီ....
ဘယ်လိုဖြစ်လို့ ဒီဝမ်အဖိုးကြီးက အကောင်းပကတိဖြစ်နေရတာလဲ...။ ဘာတွေလဲ ဘယ်ကတည်းက မှားယွင်းနေတာလဲ....
"ကော တို့ လစ်ဇ် နောက်မကျဘူးမလား..."
ရှောင်ကျန့်တို့အုပ်ထဲ တိုးဝင်ကာ မေးလာတဲ့လစ်ဇ်စကားကို ရှောင်ကျန့်တို့က ခေါင်းပဲ အသာငြိမ့်ပြလိုက်တယ်။ နောက်မှ အရာအားလုံးရှင်းတမ်းဖွင့်ရမည်ပေါ့လေ.....
.....
"ကဲ ရှောင်းလီ မင်းဝန်ခံလိုက်သင့်ပြီမလား..."ဝမ်သခင်ကြီးက ရှောင်းလီမျက်နှာကိုတည့်တည့်ကြည့်ကာ မေးလိုက်တော့ ရှောင်းလီ ပြန်လည်စိုက်ကြည့်လိုက်တယ်။
အချိန်ကျလာပြီထင်ပါ့...."ဟား... ဘာကိုဝန်ခံပေးရမှာလဲ ။ အားလုံးသိနေပြီးသားမဟုတ်လား ရှင်ကိုက သိပ်တုံးအခဲ့တာလေ...."
"မဟုတ်ဘူး ငါမတုံးအခဲ့ဘူး အရာရာ မင်းကိုမမြင်ချင်ယောင်ဆောင်ပေးခဲ့တာ သားကျန့်ကြောင့်ပဲ...။ နဲနဲလေးမှ ကလေးကို အားမနာခဲ့ဘူးလား..."
ဘာမှလိုက်မမှီပဲ နားမလည်နိုင်တော့တဲ့ရိပေါ်က သူတို့စကားတွေကိုနားထောင်ရုံမှလွဲ မတတ်နိုင်ပြီ....
"ဘာကို အားနာရမှာလဲ အဲ့ကောင် က ငါ့အမုန်းဆုံးတွေရဲ့သွေးသားဖြစ်နေတာကိုက သူ့အပြစ်လေ...။ ရှောင်ကျန့် မင်းလဲ အားလုံးမှတ်မိခဲ့ပြီမလား..."
YOU ARE READING
သိပ်ချစ်မိ၍......(Complete )
FanfictionXiao Zhan သိပ်ချစ်မိတာအမှားဆိုရင် အဲ့အမှားကိုကိုယ်ပျော်ပျော်ကြီးပိုက်ထွေးထားမှာပါ တိတိရယ်....။ အမုန်းတွေနဲ့ပြည့်နှက်နေတဲ့တိတိရင်ထဲကို ကိုယ်ကအချစ်တွေဖြည့်ပေးချင်ပါသော်လည်း....... Yibo မုန်းတယ်...သိပ်မုန်းတယ်...။ ငါ့ဘဝတစ်ခုလုံးကို ယောက်ကျားချင်းက...