"ဘာလို့လဲ ရိပေါ်။ ခုလိုလုပ်နေတာက အားနာနေလို့ဆိုရင်မလိုဘူး။ ဖြစ်ခဲ့သမျှကိုရိပေါ်မှမသိခဲ့တာ...."
အတန်ကြာအောင်အောက်ထပ်မှာနေပြီး စဥ်းစားမရတဲ့အဆုံး ရိပေါ်နဲ့မျက်နှာခြင်းဆိုင်ဖြေရှင်းရန် အပေါ်ထပ်သူ့အခန်းရှိရာ တတ်ကာ တံခါးခေါက်ဝင်ခွင့်တောင်းလို့ ပြောတော့ ရိပေါ်က သူ့အားကြည့်ကာ...
"ဘာလို့ဒီလောက်ကွာရှင်းချင်နေရတာလဲ ။ နောင်တရတယ်ဆိုတာမှန်တယ် အားလဲအားနာတယ်။ ဒါကြောင့် တောင်းပန်ပါတယ် ကော ခွင့်လွတ်ဖို့မထိုက်တန်ပေမဲ့ တိကိုခွင့်လွတ်ပေးပါ။ တိ အရမ်းမှားခဲ့ပါတယ် ဟင့်...."
"ရိပေါ်...တိတိလေး...!!!"
ခွင့်လွတ်ပေးပါပြောကာ သူ့ရှေ့ဒူးထောက်ချလိုက်တဲ့ ကောင်လေးကြောင့် ရှောင်ကျန့်မှာ ပြာပြာသလဲဖစ်ရတယ်။
ဘယ်လောက်များ စိတ်မကောင်းဖြစ်နေရှာမလဲ ငိုရိူက်လို့ရယ်....။ရှောင်ကျန့်လဲ ရိပေါ်ရှေ့ဒူးထောက်ထိုင်ကာ ပေါင်ပေါ်တင်ထားတဲ့တိတိလက်နှစ်ဖက်ကိုဆုပ်ကိုင်လို့....
"ရိပေါ် ကိုယ့်ကိုကြည့်...."
လို့ပြောတော့ မော်ကြည့်လာတဲ့ကောင်လေးရဲ့ မျက်ရည်တွေပြည့်နေတဲ့ပါးပြင်နှစ်ဖက်ကို လက်မနဲ့အသာယာပွတ်သုတ်ပေးကာ..."ရိပေါ် တောင်းပန်ဖို့မလိုပါဘူး ကောခွင့်လွတ်တာပေါ့ တိကို ဒါကြောင့်စိတ်မကောင်းမဖြစ်တော့နဲ့။ နောက်ပြီး ကွာရှင်းဖို့ကိစ္စက အင်း... လုပ်မှဖြစ်မယ်။ တိနောင်ရေးထည့်တွေးဦးလေ။"
သူ့စကားကြောင့် တိတိက မျက်မှောင်တွေကြုံ့ကာ....
"ဘယ်နှောင်ရေးလဲ....တဲ့""တိ ဒီလိုကောကိုအားနာစိတ်မကောင်းတဲ့စိတ်နဲ့ မကွာရှင်းရင် ခင်များလေးချစ်သူကိုဘယ်လိုလုပ်မတုန်း။ မိန်းခလေးဘက်ထည့်တွေးလေ ကလေးရဲ့ ။ ချစ်တယ်ဆို လင်းအာကို ။ကောနဲ့က တွေ့ဖြစ်ကြဦးမှာပါ ။ အင်း တိအားရင် လင်းအာနဲ့လုံဟွေ့လာလည်လို့ရသလို ကောလဲ အားရင် ပေကျင်းပြန်လာဖြစ်မှာပေါ့။
ဒီစကားကိုပြုံးကာပြောနေရတဲ့ ရှောင်ကျန့်က တစ်ကယ်တော့သေချာကြည့်ရင်ထိုအပြုံးတွေကမပီပြင်ပါဘူး။ နှလုံးသားကိုဆုပ်ချေညစ်ထားသလို နာကြင်အောင့်သက်နေတယ်။

YOU ARE READING
သိပ်ချစ်မိ၍......(Complete )
FanfictionXiao Zhan သိပ်ချစ်မိတာအမှားဆိုရင် အဲ့အမှားကိုကိုယ်ပျော်ပျော်ကြီးပိုက်ထွေးထားမှာပါ တိတိရယ်....။ အမုန်းတွေနဲ့ပြည့်နှက်နေတဲ့တိတိရင်ထဲကို ကိုယ်ကအချစ်တွေဖြည့်ပေးချင်ပါသော်လည်း....... Yibo မုန်းတယ်...သိပ်မုန်းတယ်...။ ငါ့ဘဝတစ်ခုလုံးကို ယောက်ကျားချင်းက...