Part (3)

2.3K 223 8
                                    

ရိပေါ်လက်သီးကိုတင်းကျပ်စွာဆုပ်ထားပြီး အံကိုတင်းတင်းကြိတ်ထားမိတယ်...။ မဖိတ်ခေါ်တဲ့မျက်ရည်တွေကတော့ နာကြည်းရိပ် အမုန်းတွေနဲ့ပြည့်နေတဲ့ မျက်ဝန်းခပ်စူးစူးကနေစီးကျနေလေရဲ့....

ဒီလောက် အောက်တန်းကျပြီး ယုတ်မာတဲ့သူရှိပါ့ဦးမလား...။ ဖခင်က သေရေးရှင်ရေးဖြစ်နေလို့ စိတ်ထဲပူလောင်ပြီး တွေ့ချင်မြင်ချင်ပါသော်လဲ ယောက်ကျားတစ်ယောက်ကိုလက်ထပ်မှ ဖခင်ကိုတွေ့ရမည်တဲ့လား... နောက်ပြီး အမုန်းဆုံးလူသားကိုမှ လက်ထပ်ရမတဲ့လေ...

ရိပေါ်ဘဝက ဝဋ်ကြွေးများလား......။ နာကြင်စွာ အိပ်ယာထက်လှဲချပြီး စိတ်ကိုလွတ်ပေးလိုက်တော့ တအင့်အင့် ရိူက်သံတွေက အခန်းထဲနေရာယူလို့ ပဲ့တင်ထပ်တော့တယ်....

ရိပေါ်ဘယ်တော့မှမသိနိုင်တဲ့အရာထဲမှာတော့ သူ့အခန်းပေါက်လေးမှာ လူတစ်ယောက်က ၅ နှစ်တိုင်မပြောင်းလဲပဲ သူဝမ်းနည်းတိုင်းရှိနေပေးခဲ့ခြင်းကိုပါ.....
..............................

"ခုဆိုရင် နှစ်ဦးသဘောတူ လက်မှတ်ထိုးပြီးတာကြောင့် အကြင်လင်မယားအရာမြောက်သွားပါပြီ...."

ရှေ့နေဖြစ်သူရဲ့စကားကြောင့် ရိပေါ်ရင်ထဲခါးသီးလေးလံသွားတယ်။
ရင်နာနာနဲ့ ထိုးလိုက်ရတဲ့လက်မှတ်တစ်ခုမှာ သူသိပ်မုန်းတီးတဲ့လူရဲ့ သက်ဆိုင်သူဖြစ်သွားလေရဲ့....။

ရှေ့နေဖြစ်သူပြန်သွားတာနဲ့ ရိပေါ်ရဲ့ ဒေါသတွေက ပွင့်ထွက်လာပြန်တယ်...

"ဘယ်မှာလဲ ငါ့အဖေ...။ ခုချက်ခြင်းခေါ်သွားပေး...."

"နေပါဦးတိတိရဲ့ ကိုယ်ပြောစရာရှိသေးတယ်...။ ပထမဆုံး မင်ဂလာပွဲလုပ်ချင်သေးလား ကလေး..."

မနေ့ကရိပေါ်လက်ချက်ကြောင့် ယောင်ယမ်းညိုမဲနေတဲ့မျက်နှာက အရှက်မဲ့စကားတွေမေးလို့ရယ်....

"ဘာပွဲမှ မလိုဘူး...။ ငါက အခြောက်ဆိုပြီးလဲ အပြောမခံနိုင်ဘူး...နောက်ပြီး မင်းအခေါ်ဝေါတွေပြင် ရွံစရာကောင်းလို့...။ စောက်စကားများမနေပဲ ငါ့အဖေဆီခေါ်သွား...."

ရှောင်ကျန့်က မဲ့ကာပြုံးတယ်....

"ကောင်းပြီလေ တိတိ မကြိုက်ရင်မခေါ်တော့ဘူး...။"

သိပ်ချစ်မိ၍......(Complete )Where stories live. Discover now