ခေါင်းက တဆစ်ဆစ်ထိုးကိုက်ခြင်းရယ် ကြောဘက်က အောင့်သက်နာကြင်မူ့ရယ်နဲ့ န်ုးထလာတဲ့ရှောင်ကျန့်။
"ရေ.... ရေပေးပါ...."
လည်ချောင်းကခြောက်ကပ်ခြင်းကိုမခံနိုင် တိုးလျစွာရေတောင်းမိတယ်။
.....
ရိပေါ် ကျန့်ကောနားမှာသာ ပေကပ်စွာနေ နေမိတယ်။ ကောကို ယန်းကျဲတို့စောင့်မယ်ပြောပြီးရိပေါ်ကို လင်းနဲ့ပါးနဲ့အတူအိမ်ပြန်ဖို့ပြောကြပေမဲ့ ရိပေါ်ပေကပ်စွာ ကောအနားနေ နေမိတယ်။လင်းက တော့အလိုက်တသိ ပြန်သွားပေးတယ်။မနေ့ညကပုံစံအတိုင်းရိပေါ်က မလူပ်မယှက် ဆေးရုံခန်းထဲကဆိုဖာလေးမှာ မျက်နှာပြောင်တိုက်စွာနဲ့ ခေါင်းငုံ့ထိုင်နေမိတုန်းပဲ....
ခပ်တိုးတိုးသံလေးနဲ့ ရေတောင်းသံကြောင့် အနားပြေးသွားပေမဲ့ လစ်ဇ်က ကောကိုရေတိုက်ပြီးနေပြီ....
သတိရကြောင်း ဆရာဝန်တွေကိုပြောတော့ ကောကိုစစ်ဆေးပြီး ဘယ်လိုခံစားနေရသေးလဲမေးတော့....
"ခေါင်းအရမ်းမူးတယ် ဒေါက်တာ...။"
"အင်း ဟုတ်တယ်။ လူနာက လဲကျတဲ့အချိန်ကြမ်းပြင်နဲ့လဲရိုက်ခဲ့မိတာမို့ ခေါင်းထဲအီလည်လည်ဖြစ်နေဦးမှာ ဒါပေမဲ့ တစ်ရက်လောက်နေရင်ပျောက်သွားမှာပါ...."
ဆရာဝန်ကမှာကြားပြီးတော့ ပြန်ထွက်သွားချေပြီ။
ချက်ခြင်းဆိုသလို ရှောင်ကျန့်မိဘများနှင့်ဝမ်ပါးလဲရောက်လာခဲ့လေတယ်။ မနေ့ညက လူကြီးတွေပင်ပန်းမှာစိုးတာကြောင့် ဝမ်ပါးနဲ့ရှောင်းမိဘများကို ကျိယန်နဲ့ယွိပင်းကိုပြန်လိုက်ပို့ခိုင်းပြီး သူတို့လဲမနက်မှပြန်လာဆိုကာ လွတ်လိုက်ရတယ်။
ညတုန်းက ဟောက်ရွမ်းရယ်ဖန်ရှင်း ရိပေါ်နဲ့ ယန်းကျဲသာစောင့်ခြင်း။ လစ်ဇ်နဲ့ ကျိကောတို့က မနက်အစောကြီးပြန်ရောက်လာကြတာ....။
"သား...မားသားကျန့်ကျန့်လေး... "
ရှောင်မားက သားဖြစ်သူကိုရင်ခွင်ထဲဆွဲသွင်းကာ ငိုချေပြီ....။ပါးလဲထိုနည်းတူပေါ့...။ ပြန်ဆုံဖို့သိပ်ခက်ခဲတဲ့မိသားစုလေးကို ယခုလိုမြင်တွေ့ရတာ ပိဘိကြည်နူးဖွယ်ရာပင်...။
YOU ARE READING
သိပ်ချစ်မိ၍......(Complete )
FanfictionXiao Zhan သိပ်ချစ်မိတာအမှားဆိုရင် အဲ့အမှားကိုကိုယ်ပျော်ပျော်ကြီးပိုက်ထွေးထားမှာပါ တိတိရယ်....။ အမုန်းတွေနဲ့ပြည့်နှက်နေတဲ့တိတိရင်ထဲကို ကိုယ်ကအချစ်တွေဖြည့်ပေးချင်ပါသော်လည်း....... Yibo မုန်းတယ်...သိပ်မုန်းတယ်...။ ငါ့ဘဝတစ်ခုလုံးကို ယောက်ကျားချင်းက...