ခြံကျယ်ကြီးရဲ့ရှေ့ကားရပ်ပြီးတာနဲ့ ပါပါးနှစ်ယောက်က အမြန်ဆင်းလို့ ရိပေါ်နဲ့ ကျဲကိုတံခါးဖွင့်ပေးကာ ဆင်းစေတယ်။
ထူးဆန်းပါ့ တစ်သက်လုံးကိုယ့်ဘာသာဖွင့်ဆင်းလာခဲ့တာ ပါပါးဝမ်ကတော့ ခုမှအထူးဆန်းလုပ်နေတယ်လို့ ရိပေါ်တွေးမိတယ်....
"သားငယ်လေး ပါပါးလက်ကိုချိတ်..."
"ဗျာ... ဘာလို့တုန်းပါပါးရဲ့ ။"
"ဘာလို့ရမှာလဲ ငါ့သားနဲ့အတူဝင်ချင်လို့လေ...။"
"ဒီတိုင်းဝင်လဲရတာကို...."
အရစ်ရှည်နေပါသော ရိပေါ်လေးအား လစ်ဇ်က စိတ်မရှည်စွာ ငါမင်ဂလာဆောင်ချင်လှပြီ မရစ်ပါနဲ့လို့ ဆော်သြမှပဲ မျက်စောင်းချီကာ ဝမ်ပါပါးလက်ကို ချိတ်လေတယ်။
"ပါပါး... ကျဲကချိတ်တာ သတို့သမီးမို့လေ သားကဘာလို့ သတို့သမီးလိုခံစားနေရတာလဲ တစ်မျိုးကြီးပဲ..."
ရိပေါ်အမေးကိုအဖြေမပေးပါပဲ ဝမ်ပါးက ရီလျက်....
မင်ဂလာဆောင်လျှောက်လမ်းစီရောက်တော့ လမ်းက နှစ်လမ်းခွဲထားလေတယ်။ တစ်လမ်းက ပန်းနုရောင် ဖဲကြိုးတိုင်တွေစိုက်ထူထားသလို တစ်လမ်းက အစိမ်းနဲ့အနီစပ်ထားတဲ့ဖဲကြိုးလေးများဖြင့်....
လျှောက်လမ်းရောက်တော့ ကျဲနဲ့ရှောင်ပါးက ပန်းနုရောင် လမ်းကိုလျှောက်သလို ရိပေါ်ကိုဝမ်ပါးက အစီမ်းနဲ့အနီလမ်းကိုလျှောက်စေတယ်။
ဒါလဲ တုံဘာနိဝေးဖြစ်နေသေးတဲ့ရိပေါ်က သတို့သမီးလျောက်ရမဲ့လမ်းနဲ့ ဧည့်သည်လျှောက်လမ်းကမတူဘူးလို့သာတွေးတယ်။
တဖြည်းဖြည်းလျှောက်လာရင်း ဧည့်သည်တွေစုံနေပြီဖြစ်တဲ့ ပွဲကျင်းပရာ နေရာသို့ရောက်လာတဲ့အခါ ရိပေါ်မျက်ဝန်းတွေဝိုင်းစက်ကုန်ပြီး လူကခြေလှမ်းတွေရပ်မိသည်အထိပင်....
ဘာကြောင့်လဲဆိုတော့ ဧည့်သည်တွေစုံနေတဲ့နေရာအစမှာပင် ခပ်မြင့်မြင့် ဆေးသုတ်ထားတဲ့ဝါးလုံးအနီလေးနဲ့ဟိုတစ်ဘက်ဒီတစ်ဘက်စိုက်ထူထားတဲ့ကြိုးတန်းလေးမှာ ရိပေါ်ရဲ့ အထက်တန်းအရွယ်ကတည်းကနေတဖြည်းဖြည်းအရွယ်ရောက်လာတဲ့ ဓာတ်ပုံလေးများက လှပစွာ စီရီချိတ်ထားသလို အဲ့ စိုက်ထူထားတဲ့ တိုင်ရဲ့ ထိပ်ဆုံးမှာ တည်ရှိတဲ့ မင်ဂလာစင်မြင့်ထက်မှာ ရှိနေတဲ့ကိုကို အပြင် ကိုကို့နောက်က ပိတ်ကားကြီးပေါ်မှာ ရိပေါ်နဲ့ကိုကို့ပုံကထင်ရှားစွာမြင်နေရပြီး ကိုကိုကအပြုံးတွေနဲ့ ကြိုဆိုနေလေရဲ့....

YOU ARE READING
သိပ်ချစ်မိ၍......(Complete )
FanfictionXiao Zhan သိပ်ချစ်မိတာအမှားဆိုရင် အဲ့အမှားကိုကိုယ်ပျော်ပျော်ကြီးပိုက်ထွေးထားမှာပါ တိတိရယ်....။ အမုန်းတွေနဲ့ပြည့်နှက်နေတဲ့တိတိရင်ထဲကို ကိုယ်ကအချစ်တွေဖြည့်ပေးချင်ပါသော်လည်း....... Yibo မုန်းတယ်...သိပ်မုန်းတယ်...။ ငါ့ဘဝတစ်ခုလုံးကို ယောက်ကျားချင်းက...