"ကျနော်လဲ ခင်များနဲ့အလုပ်လိုက်လို့ရမလား...."
မနက်စာ စားရင်းနဲ့ တိတိပြောလာတဲ့စကားကြောင့် ရှောင်ကျန့်မှာ ကော်ဖီတောင်သီးသွားရတယ်။
အဟွတ်.... အဟွတ်.....!!
"ခင်များ ရရဲ့လား..."
တစ်ရူးတစ်ရွက်ကမ်းပေးလါရင်း ထပ်မေးတဲ့တိတိ....
ဘုရားရေ... ရှောင်ကျန့်အိမ်မက်များမက်နေသလား...။ တိတိက အမြဲရှောင်ကျန့်ကို မင်းနဲ့ငါပဲပြောသလို ဘယ်တုန်းကမှ ရှောင်ကျန့်နဲ့အလုပ်အတူသွားလေ့မရှိပေ....
ရှောင်ကျန့်က ခေါ်ရင်တောင် သူ့အားမသတီဘူးဆိုကာ ဆိုင်ကယ်နဲ့သွားနေကျ ခုမှ ခွင့်တောင်းကာ လိုက်လို့ရမလားတဲ့....
တိတိလေး ဆေးတွေဘာတွေမှားစားမိလေသလား....
"ကိုယ်...နားကြားများမှားသလား။ တိတိအား sorry ရိပေါ် ကဆိုင်ကယ်နဲ့မသွားဘူးလား...."
"ဒီနေ့ နေသိပ်မကောင်းချင်သလိုဖြစ်နေလို့ ဆိုင်ကယ်နဲ့ဆို လေတအားတိုးတယ်လေ။ နောက်ပြီး ကျနော့်ကို တိတိလို့ပဲခေါ်ချင်ခေါ်ရတယ် ကျန့်ကော...."
ဘုရားရေ ကျန့်ကောတဲ့.....!!!
အကြားချင်ခဲ့ဆုံး နာမ်စားလေး... ရှောင်ကျန့်မယုံကြည်နိုင်စွာနဲ့ဆွံ့အနေမိတော့တယ်...."အာ...တိတိ နေမကောင်းဘူးလား..."
ပါးစပ်ထက်လျင်မြန်စွာ လက်က တိတိနဖူးပေါ်ရောက်နေခဲ့ပြီ....
ကိုယ်မပူတာကြောင့် သိပ်တော့စိတ်မပူရတော့ဘူး...."ဖျားတော့မဖျားဘူး ဒီတိုင်း ညောင်းကိုက်နေလို့....လိုက်ခဲ့လို့ရတယ်မလား ကျန့်ကော..."
"ရိပေါ်... ကော ကို..."
ဆက်မပြောလာပဲ ငြိမ်သက်ကာ သူ့အားကြည့်နေတဲ့ရှောင်ကျန့်ကြောင့် ရိပေါ် သက်ပြင်းအသာချကာ....
"ကျနော့်အထင် ကျန့်ကောနဲ့ပြေလည်သင့်တယ်ထင်လို့ပါ...။ ကျနော် ဒီကုန်ဆုံးသွားတဲ့ ၆လကျော်အတွင်းမှာ အများကြီးစဥ်းစားဖြစ်ခဲ့တယ်။ ကော ပြောခဲ့သလို ကျနော်က တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးသွမ်းခဲ့တယ်။ ပါပါးအပေါ်မှာလဲ နားမလည်ပေးခဲ့ဘူး ကျနော်က သားဆိုးတစ်ယောက်ပဲ...။ ကော ပြောတာမှန်တယ် ကျနော်ကြောင့်ပဲ ဒီလိုတွေဖြစ်လာရတာပါ....။ ကျနော် လိမ္မာပြီးလူတော်ဖြစ်လာအောင်ကြိုးစားမယ်။ လမ်းပြပေးပါ ကျန့်ကော ပြီးတော့ သင့်မြတ်ရအောင်...."

YOU ARE READING
သိပ်ချစ်မိ၍......(Complete )
FanficXiao Zhan သိပ်ချစ်မိတာအမှားဆိုရင် အဲ့အမှားကိုကိုယ်ပျော်ပျော်ကြီးပိုက်ထွေးထားမှာပါ တိတိရယ်....။ အမုန်းတွေနဲ့ပြည့်နှက်နေတဲ့တိတိရင်ထဲကို ကိုယ်ကအချစ်တွေဖြည့်ပေးချင်ပါသော်လည်း....... Yibo မုန်းတယ်...သိပ်မုန်းတယ်...။ ငါ့ဘဝတစ်ခုလုံးကို ယောက်ကျားချင်းက...