Part (4)

2K 175 10
                                    

အချိန်တွေက သိိပ်မြန်တယ်လို့ မပြောချင်တော့ဘူး ။သိပ်မြန်ခဲ့လို့ပဲ မျက်စိတမှိတ်အတွင်း ရိပေါ်ဘဝလဲ ပြောင်းလဲသွားခဲ့ပြီမလား....

ခုဆို ရိပေါ်က အလုပ်သင်အဖြစ် company မှာ အလုပ်ဝင်တာ တစ်လတောင်ပြည့်တော့မယ်....။
သိလာရတာက ပါပါးက company ကိုအလုပ်ကြောင်းနားလည်ပြီးသားဖြစ်တဲ့ ရှောင်ကျန့်ကို လွဲခဲ့ကြတယ်ထင်နေကြပုံပဲ မတရားအောက်တန်းကျတဲ့နည်းနဲ့ယူထားမှန်း ဘယ်သူမှမရိပ်မိအောင်လဲ ထိုလူက သိပ်ပိရိနိုင်လွန်းတယ်....။

နောက်ပြီး ဒီက ဝန်ထမ်းတွေကလဲ ရှောင်ကျန့်ကို သိပ်လေးစားချစ်ခင်နေကြတယ်...။ သူတို့က ဘုရားမှတ်လို့ကိုးကွယ်နေကြတာ ဖွတ်မှန်းရိပေါ်ကလွဲဲပီးဘယ်သူမှမသိကြဘူး...။

ဒီမှာ CEO က ရှောင်ကျန့် ပြောရေးဆိုခွင့်ရှိနေတာက ဦးလေးဖြစ်သူ ချူလီဟွေ့....။ ရိပေါ်မားရဲ့မောင်ပေါ့...။ ဦးလေးဆိုပေမဲ့ အသက်က ၂၈ ဝန်းကျင်လောက်သာရှိသေးတယ်။ ဖွားတို့က မားအိမ်ထောင်ကျပြီးမှ ဦးငယ်ကိုမွေးကြတာကြောင့် အသက်က ရိပေါ်တို့နဲ့သိပ်မကွာဘူး...။ထားပါတော့ သူ့အကြောင်းက ရိပေါ်နားမလည်နိုင်တာက ဦးငယ်ကပါ ရှောင်ကျန့်နဲ့ တစ်ဘက်တည်းဖြစ်နေခြင်းကို...။ ဘာလို့လဲ ဘာလို့များ ပါပါးအပေါ်လုပ်ရက်ကြတာလဲ....
..............................
.
"အိုး...ငါ့တူလေးပါလား အရမ်းကြိုးစားနေတာပဲနော်...."

လချုပ်စာရင်းတွေလေ့လာနေရင်း အနားရောက်လာတဲ့ ဦးငယ်က ပြောတယ်...။

"ဘာကိစ္စရှိလို့လဲ...."

ခပ်မာမာလေသံကြောင့် ဦးငယ်က ဟက်ခနဲတစ်ချက်ရီတယ်....။

"သိချင်တာလေးရှိလို့...။ ငါ့တူက ယောက်ကျားတွေကြိုက်တာလား...။အဲ့လိုမှန်းစောသိရင် ဦးငယ်က သူငယ်ချင်း ဘော့စ် တွေနဲ့ ချိတ်ပေးခဲ့ပါတယ်။ ခုတော့....အာ..ဒါပေမဲ့ ခုလဲရတယ်နော် စိတ်ပါရင်ပေါ့...."

ရိပေါ်စိတ်တိုလွန်းလို့ အသားတွေတဆတ်ဆတ်တုန်လာရတယ်...။ ဒါဘာစကားတွေသူ့ကိုလာပြောနေတာပါလဲ...။ရွံ့ဖို့ကောင်းလွန်းလို့ ရိပေါ် မကြားဝံ့တော့ပေ....

"ခင်ဗျားသိပ်အားနေတယ်ထင်တယ် လီဟွေ့...သူများကိုယ်ရေးကိုယ်တာစပ်စုရလောက်အောင်။။ မနက်ဖြန်တင်ပြရမဲ့ ကုန်ကြမ်းတွေရပြီလား...."

သိပ်ချစ်မိ၍......(Complete )Where stories live. Discover now