ဒီနေ့က ရှောင်ကျန့်ရဲ့မွေးနေ့ဖြစ်သလို မားချီချီသားရဲ့နှစ်ပတ်လည်လဲဖြစ်တယ်။
အမှန်ဆို ပြန်ရတော့မှာ မားကလဲ ပေကျင်းကိုချက်ခြင်းပြန်ခဲ့ဖို့ ရာဇသံပေးလာတယ်။
ဒါပေမဲ့ ရှောင်ဦးနဲ့ မားချီကိုသနားတာကြောင့် ရှောင်ကျန့် ဒီနေ့လေးတော့ နေပေးပြီး မနက်ဖြန်မှ ပြန်ဖို့ ဆုံးဖြတ်ထားတယ်။သြော်ဒါနဲ့လေ မားချီလို့ခေါ်တာက ဦးနဲ့ အန်တီ့ရဲ့ဆန္ဒကြောင့်ဖြစ်သလို ရှောင်ကျန့်ကိုယ်တိုင်လဲ သဘောကျလို့ပါ...။ ငယ်စဥ်ကတည်းက မိဘမေတ္တာမရခဲ့တဲ့ရှောင်ကျန့်က မားချီရဲ့ ဂရုတစိုက်နွေးထွေးပေးမူ့တွေကြားမှာ အရမ်းလုံခြုံနွေးထွေးသလို ခံစားရတယ်။
"မနက်ဖြန်တော့ မင်းပြန်ပြန် မပြန်ပြန် ငါကတော့ပြန်တော့မှာ။ အရည်မရအဖက်မရ အရူးနဲ့အချိန်ကုန်နေတယ်။ သြော်ဘာလဲ တကယ့် ဒိတ်ဒိတ်ကြဲတွေမို့ ဘာများရမလဲဆိုပြီး ကပ်နေတာလား..."
အတွေးတွေနဲ့ ပြတင်းပေါက်ကနေတစ်ဆင့် ဟိုဘက်ခြံကိုလှမ်းကြည့်နေတဲ့ ရှောင်ကျန့်ကို ခေါ်ကာပြောလာတဲ့ တိတိစကားတွေက အရမ်းဆိုးပါဘိ...။ သူ့ကိုပြောရင်အဲ့လောက်မဟုတ်ပါဘူး မားချီချီကိုတော့ မပြောသင့်ပေ...။
"ဘယ်လိုပြောလိုက်တာလဲ ရိပေါ်။ တစ်ဖက်သားရဲ့အားနဲချက်ကိုအဲ့လို မပြောပါနဲ့။ ပြီးတော့ ကိုယ့်အမေအရွယ်ကြီးလေ..."
"ဟက်...တစ်ဖက်သားရဲ့အားနဲချက်တဲ့ရီရပါ့...။ ဒါမျိုးပေါ့ ခွေးပါးစပ်က နတ်စကားထွက်တယ်ဆိုတာ...။ ငါနဲ့ငါ့အဖေအပေါ်မှာတုန်းကရော အဲ့လိုတွေးပေးခဲ့ဘူးလားမင်း...ဟမ်...။ နောက်ပြီး မင်းပြောသလို ငါ့ပါပါးကလဲ အဖေအရွယ်ပဲလေ ထပ်ပြီးတော့ မင်းရဲ့ကြွေးကျေးဇူးရှင်။"
မျက်ခမ်းစပ်လေးတွေနဲ့နှာလုံးလုံးလေး ရဲတွတ်သည့်ထိ ဒေါသထွက်ကာ အသားတွေတုန်နေတဲ့ထိ လက်သီးကို ခပ်တင်းတင်းဆုပ်ထားပြီး ပြောတဲ့တိတိက အမုန်းတရားတွေသူ့အပေါ်ကြီးပါရောလား......
ဖြေရှင်းချက်မပေးနိုင်တဲ့ရှောင်ကျန့်ကို ကယ်တင်လိုက်တာက ဖုန်းသံပင်....
"Hello ဦးလေး..."
.....
"ဟုတ်ကဲ့ ကျနော်လာပေးပါ့မယ်..."
YOU ARE READING
သိပ်ချစ်မိ၍......(Complete )
Fiksi PenggemarXiao Zhan သိပ်ချစ်မိတာအမှားဆိုရင် အဲ့အမှားကိုကိုယ်ပျော်ပျော်ကြီးပိုက်ထွေးထားမှာပါ တိတိရယ်....။ အမုန်းတွေနဲ့ပြည့်နှက်နေတဲ့တိတိရင်ထဲကို ကိုယ်ကအချစ်တွေဖြည့်ပေးချင်ပါသော်လည်း....... Yibo မုန်းတယ်...သိပ်မုန်းတယ်...။ ငါ့ဘဝတစ်ခုလုံးကို ယောက်ကျားချင်းက...