မင်းဘယ်လိုသိတာလဲဆိုတဲ့ တိတိရဲ့အမေးစကားမှာ ရှောင်ကျန့်က ခပ်ယဲ့ယဲ့ပြုံးမိတော့တယ်။
ဒီကလေးက သူ့စကားတွေကိုဘယ်တော့မှနားမထောင်ခဲ့သလို ဘယ်တုန်းကမှလဲ အရေးတယူသတိမရခဲ့ဖူးပါဘူး...။
စိတ်မရှည်တဲ့ကလေးငယ်က သူ့ကိုနောက်ယောင်ခံလိုက်ခိုင်းထားတာလားဆိုပြီး ဒေါသတွေထွက်ပြန်တယ်။
"မင်းလိုကောင်က အမြဲနောက်ကြောဓားနဲ့ထိုးတတ်ပြီး မိန်မလျှာအလုပ်တွေသိပ်ကြိုက်ပုံပဲနော်။ အေးလေ ကိုယ်တိုင်ကလဲ Gay ဆိုတော့...။ ဒါပေမဲ့မှတ်ထားနော် ရှောင်ကျန့် ငါ့ကိုစောင့်ကြည့်ခိုင်းပြီး လင်းကိုပြသနာမရှာနဲ့ အဲ့အခါ သည်းခံနေတော့မှာမဟုတ်ဘူး။ နောက်ပြီး သေတဲ့ထိမှတ်ထား ငါမင်းလို Gay မဟုတ်ဘူး ။"
ရက်ရက်စက်စက်တွေပြောကာ အခန်းထဲက ထွက်သွားတဲ့ကြောပြင်ငယ်လေးကိုသာ စိုက်ကြည့်ကာ ရင်ထဲနင့်နဲစွာနာကြင်ကျန်ရစ်ခဲ့သူကရှောင်ကျန့်ပါပဲ....
"ကိုယ်လဲ Gay မဟုတ်ပေမဲ့ တိတိကိုချစ်မိတာ Gay ဖြစ်စေတယ်ဆိုရင် အဲ့လိုပဲ ကိုယ်ခံယူလိုက်ပါ့မယ်။ စိတ်ချပါ တိတိချစ်တဲ့သူကို တိတိလိုပဲ ကိုယ်ကာကွယ်ပေးမှာပါ...."
အက်ကွဲစွာရေရွတ်သံကို အပြင်ထွက်သွားတဲ့ကောင်လေးမကြားနိုင်တော့ပါဘူးလေ....
အိမ်ရှေ့ကွပ်ပျစ်မှာထိုင်ရင်းရိပေါ်စိတ်တွေရူပ်ထွေးနေတော့တယ်။ ညနေကအဖြစ်ပျက်ရယ် ခုနတုန်းက မျက်ဝန်းကြည်လေးတွေနဲ့ဆုံပြီး ချစ်စကားအပြောခံရတဲ့ရိပေါ်က ရင်ထဲမှာမောဟိုက်ဟိုက်ကြီးဖြစ်လာတယ်...
စိတ်လူပ်ရှားမိပြီး ပြောချင်ရာတွေစွတ်ပြောခဲ့တာ ရိပေါ်မလွန်ဘူးမလား...။ တစ်ကယ်လဲ ရိပေါ် ယောက်ကျားလေးတွေမကြိုက်ဘူးလေ....
စိတ်ရူပ်တာတွေပြေပျောက်သွားအောင် လင်းကိုဖုန်းခေါ်ကာ တီတီတာတာပြောနေလိုက်တော့တာပဲ....
ဒါပေမဲ့ ထိုသို့ရီစားဖြင့်ကလူနေခြင်းမှာတော့ ရိပေါ်ရင်ထဲ မောဟိုက်ခြင်းမဖြစ်နေတာ ရိပေါ်သတိထားမိပါရဲ့လား....
........................" အယုံရေ ဒီမှာသခင်ကြီးတို့လာတယ်ဟေ့...."
မီးဖိုထဲကနေဟင်းချက်နေတဲ့ ဒေါလေးယုံက အိမ်ရှေ့ကသူကြီးအသံကြောင့် ဟင် ခနဲအံ့သြကာ လက်နှီးစုတ်ပစ်ချလို့ အိမ်ရှေ့ထွက်သွားတာကြောင့် ရှောင်ကျန့်ကပဲ တည်ထားတဲ့ဟင်းအိုးတွေလက်စသတ်ကာ ဧည့်သည်တွက် အအေးနှစ်ခွက်နဲ့ ခြံထွက်သစ်တော်သီးတွေခွဲပီး ဗန်းလေးမကာ ထွက်သွားလိုက်တယ်။

YOU ARE READING
သိပ်ချစ်မိ၍......(Complete )
FanficXiao Zhan သိပ်ချစ်မိတာအမှားဆိုရင် အဲ့အမှားကိုကိုယ်ပျော်ပျော်ကြီးပိုက်ထွေးထားမှာပါ တိတိရယ်....။ အမုန်းတွေနဲ့ပြည့်နှက်နေတဲ့တိတိရင်ထဲကို ကိုယ်ကအချစ်တွေဖြည့်ပေးချင်ပါသော်လည်း....... Yibo မုန်းတယ်...သိပ်မုန်းတယ်...။ ငါ့ဘဝတစ်ခုလုံးကို ယောက်ကျားချင်းက...