အပိုင်း - ၃ (U+Z)

3.1K 635 29
                                    

Unicode

"မင်းက မကောင်းဆိုးဝါးပဲ"

ပိုင်ထောင် ဆိုလိုက်သည်။ ဤတစ်ကြိမ်တွင်တော့
အဖေ့အသံထဲ ဂုဏ်ယူသည့်အရိပ်အ‌ယောင်
စွက်နေကြောင်း ပိုင်လီ အသေအချာကြားမိ၏။
ပိုင်ထောင်မျက်နှာမှာ အပြုံးလည်း ရှိနေသည်။

သူ့ထံ တိုက်ရိုက်ရည်ရွယ်သောအပြုံးကို ပိုင်လီ
ပထမဆုံးမြင်ဖူးခြင်းဖြစ်၍ သူ့အရေပြားမှာ
တရွရွခံစားရကာ စိတ်လှုပ်ရှားမှုနှင့်နီးစပ်သည့်
တစ်စုံတစ်ရာက သူ့ရင်ထဲ ပေါက်ဖွားစပြုလာပြီ။

ပိုင်လီက အတိတ်ကိုပြောင်းလဲနှင့်ပြီးဖြစ်သည်။
သူ အဖေ့ကို ထွက်မသွားအောင် တားနိုင်ခဲ့ကာ၊
သို့မဟုတ် အဖေထွက်သွားမည့်အကြောင်းရင်းကို
ပြောင်းလဲနိုင်ခဲ့သည်ဟုဆိုရမည်။ ရှေ့ဆက်
သူ့အပြုအမူများကလည်း အနာဂတ်ကို ပြောင်းလဲ
နိုင်လောက်သည်။

တကယ်တော့ သူ့ညီမလေးအတွက် ဘာတွေ
ထပ်ဖြည့်ဆည်းနိုင်ဦးမလဲ...

သူ့အမေအတွက်? သူ့အတွက်?

သူ ဘာတွေပြီးစီးသွားပြီလဲ...

"အမေ့ကို အဆိပ်သင့်စေခဲ့တာ အဖေပဲ၊
ဒါကြောင့် ကျွန်တော်လည်း ဒီလိုမကောင်းဆိုးဝါး
ဖြစ်လာတာ"

သူက အနာဂတ်ကိုကြိုသိနေသဖြင့် ထိုအချက်
များ အသုံးချကာ လက်ရှိအခိုက်အတန့်မှာ သက်ရောက်စေဖို့ပဲ တတ်နိုင်သည်။ ဤလက်တွေ့
လောကအသစ်တွင် အမေပင်အန်းနှင့်ဝေ့ဝေ့
ကလည်း သူ့လိုပဲ ကိုယ့်နည်းကိုယ်ဟန်ဖြင့် ရှင်သန်
သင့်၏။

"ငါ မင်းကိုနှုတ်ပိတ်လိုက်မှာ မင်းမကြောက်ဘူးလား"

ပိုင်ထောင် မေးလိုက်သည်။ ခြိမ်းခြောက်နေသည့်
ပုံစံဆိုတာထက် သိချင်စိတ်က ပိုပြင်းပြနေသလို။

"အဖေ အဲ့လိုလုပ်စရာအကြောင်းမရှိဘူး၊
ဟုတ်တယ်မလား...အပြုအမူတွေက ပြီးသွားပြီ၊
အခုမှ လာဖော်နေလို့ ဘာထူးမှာလဲ၊ အဖေက
ဝေးဝေးကိုမျှော်မှန်းသလို ပြုမူနေတော့ အမေ့
အနေနဲ့ နောက်ထပ်ကလေးတစ်ယောက်ယူဖို့
အချိန်ကောင်းပဲ၊ အတိတ်တုန်းကလည်း အမေက
ဒီနည်းလမ်းသုံးပြီး အဖေ့ကို ဆွဲထားခဲ့တာမလား"

တစ်ကိုယ်ကောင်းဆန်ဆန်ရှင်သန်ရင်း ငြိမ်းချမ်းသောဘဝသို့ || ဘာသာပြန်Where stories live. Discover now