Unicode
ရက်သတ္တပတ်တစ်ခု လျင်လျင်မြန်မြန်ကုန်ဆုံး
သွားတာကို ပိုင်လီမယုံနိုင်သေး။ ကျောင်းနှင့်
အဆင့်တွင် လူမှုရေးပိုင်းမှာ မည်သူတွေက
မည်သည့်အနေအထားမှာရှိကြောင်း ပိုင်လီ
အခိုင်အမာသိထားသည်။ပိုင်လီတို့အတန်းထဲတွင် အန်နီဝှိုက်ထ်က
မိန်းကလေးများကြား ဘုရင်မဖြစ်သည်။ အလွန်အကျူးပေါ်လွင်နေတာမဟုတ်သော်ငြား
သူမက မိန်းကလေးအားလုံးကို ငြင်းဆိုလို့မရ
နိုင်အောင် ချုပ်ကိုင်ထား၏။ ကျောင်းသူတွေက အကြံဉာဏ်တောင်းလိုလျှင်၊ ပြဿနာဖြေရှင်း
လိုလျှင် အန်နီဆီသွားကြမြဲ။ သူမက အပြစ်ကင်းဖြူစင်သောပုံစံကိုလည်း မပျက်ယွင်းစေဘဲ
အုပ်စုတစ်ခုလုံးကို ထိန်းသိမ်းစုစည်းထားနိုင်
သည်။ ပိုင်လီသာ အရင်ဘဝတုန်းက အကြောင်း
တွေကို မသိခဲ့လျှင် သူမ၏ဟန်ဆောင်သရုပ်ထဲ
မျောပါသွားမှာပင်။ယောက်ျားလေးတွေဘက်မှာ အနေအထားက
ပိုလို့ရှုပ်ထွေးနေသည်။ အုပ်စုများစွာရှိသော်
လည်း ခေါင်းဆောင်ကို မည်သူဟူ၍
တိတိကျကျမသတ်မှတ်ထား။ တစ်ဖက်တွင်
မားကပ်စ် ရှဲရ် ရှိနေပြီး အခြားတစ်ဖက်မှာ
အက်ဒီဘလက်ခ် ကြီးစိုးနေသည်။ ယောက်ျား
လေးတွေအားလုံးက သူတို့နှစ်ဖွဲ့နှင့် join ချင်
နေတာမျိုးမဟုတ်သဖြင့် အုပ်စုအသေးလေးများ
ကွဲထွက်နေတော့သည်။ပိုင်လီက ထိုအုပ်စုနှစ်စုလုံးကို အန္တရာယ်များ
သည်ဟု ယူဆထား၏။ ရိုးရိုးတန်းတန်း
ကျောင်းတွင်းဥပဒေဟု အထင်မမှားလိုက်
လေနှင့်။ သူငယ်ချင်းဆက်ဆံရေးတွေ၊ အဆင့်သတ်မှတ်မှုတွေက အရွယ်ရောက်သည်အထိ တောက်လျှောက်လိုက်ပါသွားတာဖြစ်သည်။
လူတိုင်းက ကောလိပ်အသီးသီးရောက်ပြီး
ပြန့်ကျဲသွားချိန်မှာ အထက်တန်းကျောင်းမှ
ခင်မင်မှုသာလျှင် မပြောင်းလဲသော
အချိတ်အဆက်အနေနှင့် ကျန်ရှိလိမ့်မည်။အရင်ဘဝတုန်းက ထိုသူတွေ၏မျက်လုံးထဲမှာ
ပိုင်လီကို နာမည်ခံသူဌေးသားဟုသာ မြင်ခဲ့ကြ
သည်။ ဤဘဝမှာတော့ ပိုင်လီက
သူငယ်ချင်းကောင်းတချို့ရှာလိုပြီး ကျန်သည့်
လူများကို စိတ်မဝင်စားပါပေ။
YOU ARE READING
တစ်ကိုယ်ကောင်းဆန်ဆန်ရှင်သန်ရင်း ငြိမ်းချမ်းသောဘဝသို့ || ဘာသာပြန်
Romance[ မိသားစုအရှုပ်အထွေး ] Start Date - 23.6.2021 End Date -