အပိုင်း - ၃၁ (U+Z)

1.8K 460 20
                                    

Unicode

ပိုင်လီ သိသည်ဟု ပိုတွေးလေလေ၊ မိုက်မဲသလို
ပိုခံစားရလေလေ။ သူ့အမေ ဘာပဲလုပ်လုပ်
သူ မအံ့ဩလောက်တော့ဟုထင်သော်လည်း
ပင်အန်းက သူ့ကို အကြိမ်တိုင်း မှားစေသည်။

"Gift card ဆိုတာ ဘာလဲ"

ပိုင်လီ မေးလိုက်သည်။

ခံစားချက်များနှင့်ပတ်သက်ပြီး
သူကိုယ်တိုင်လည်း ဘာလုပ်ရမလဲ
မသိတော့။ သူ ပိုသိရှိလေလေ သိချင်စိတ်
ပိုနည်းလာလေလေ။ ဆိုသော်လည်း
မေးမြန်းချင်စိတ်ကို ထိန်းမရ။

ထိုအဖြေများက သူ့အနာဂတ်ကို ပြောင်းလဲ
နိုင်လောက်သည်။

ပင်ကျန်း သက်ပြင်းချမိပြီ။

"အခြေအနေမတူခဲ့ဘူး၊ အဲဒီအချိန်တုန်းက အခြေအနေမတူခဲ့တာကို မင်း နားလည်ဖို့
လိုမယ်၊ မင်းအဘွားနဲ့အဘိုးကို မိဘတွေ
ပေးစားခဲ့တာ၊ သိပ်ကို သမားရိုးကျဆန်တာ
ပေါ့၊ ဒါပေမယ့် အဲဒီတုန်းက အဘိုးမှာ ချစ်သူ
ရှိခဲ့တယ်၊ အဘိုးရဲ့ချစ်သူက ယောက်ျားလေး"

သိလိုက်ရသည့်အချက်အားလုံးကို သိုမှီးဖို့ရာ
ပိုင်လီ၏ခေါင်းသေးသေးလေးထဲ မဆံ့နိုင်
တော့။

"အဘိုးရဲ့မိဘတွေ သိသွားတဲ့အခါ
မင်းအဘွားနဲ့နေရာချပေးဖို့ စီစဉ်တော့တာပဲ၊
အဘိုး အဖေ့ဆီမှာ သေလုနီးပါး အရိုက်ခံ
ခဲ့ရတယ်၊ ဒီအကြောင်း အဘိုးရဲ့ချစ်သူ
သိသွားတဲ့အခါ သီးခြားနေဖို့ဆုံးဖြတ်ခဲ့တယ်၊
အဘိုးတို့နှစ်ယောက်လုံး မိဘတွေရဲ့အလိုကို လိုက်နာခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ
နားလည်သွားရတယ်၊ ဒီအတိုင်းဆက်သွားလို့
မဖြစ်တော့ဘူးဆိုတာကို"

ပင်ကျန်းက ကိုင်ထားသောစာအုပ်ကို
ဖွင့်လိုက်ကာ ပိုင်လီဆီ ကမ်းပေးသည်။

ပိုင်လီကြည့်လိုက်တော့ တွေ့ရတာက
အဖြူအမည်းဓာတ်ပုံ။ ပုံထဲမှာ ပင်ကျန်းက
ရုပ်မပြောင်းသော်လည်း အတော်လေး
ငယ်ရွယ်နေသည်။ ဘေးမှာရပ်နေသူက
ခိန်း ဂရန်ဂျာ။

ပိုင်လီ အသက်ပြင်းပြင်းရှူလိုက်ကာ
ပြူးကျယ်သောမျက်ဝန်းအစုံနှင့်
အဘိုးဖြစ်သူကိုကြည့်မိသည်။

တစ်ကိုယ်ကောင်းဆန်ဆန်ရှင်သန်ရင်း ငြိမ်းချမ်းသောဘဝသို့ || ဘာသာပြန်Donde viven las historias. Descúbrelo ahora