အပိုင်း - ၁၄ (U+Z)

2.5K 590 85
                                    

Unicode

အနားသို့ချဉ်းကပ်လာသောခြေသံကိုကြားလိုက်
ရသဖြင့် နော့စ် မျက်မှောင်ကြုတ်မိ၏။
သက်တော်စောင့်များအနေနှင့် သူ့အနားသို့
လူစိမ်းမလာနိုင်အောင် သေချာစောင့်ကြည့်ထား
သင့်သည်ပဲ။

နော့စ် မော့ကြည့်လိုက်ရာ သက်တော်စောင့်ခေါင်းဆောင်က ဖုန်းကိုညွှန်ပြနေကြောင်း တွေ့ရ
သည်။ ခေါင်းပြန်ငုံ့ကာ ဆဲလ်ဖုန်းကို လက်ဖြင့်
တောက်ဖွင့်လိုက်တော့ မက်ဆေ့ခ်ျတစ်စောင်
ဝင်လာသည်က 'ဆယ်ကျော်သက်ကောင်လေး
တစ်ယောက်လာနေတယ်'ဟူ၍။

နော့စ် ဖုန်းပြန်ပိတ်ကာ ရေကန်၏တစ်ဖက်ခြမ်းမှာထိုင်နေသောလူကို မ‌ကျေနပ်သလိုအမူအရာဖြင့် ကြည့်လိုက်သည်။ သူ့သက်တော်စောင့်များက
ဆေးရုံဝန်ထမ်းနှင့်လူနာအဖြစ် အသွင်‌ပြောင်းကာ
ပန်းခြံတစ်ခုလုံးအနှံ့ နေရာယူထားခြင်းပင်။
အပြင်လူများကို ဆေးရုံအတွင်းရှိသီးသန့်
နားနေရာသို့သွားစေဖို့ လမ်းညွှန်ပြီးသား။

ကောင်လေးက ဒီနေရာကို ဘယ်လိုရှာတွေ့
ပါလိမ့်...

သူ့အစ်ကိုက ကလေးအရွယ်ကောင်လေးတွေ
လွှတ်ပြီး သူ့နောက်ကို လိုက်ခိုင်းရလောက်အောင်
အင်အားဆုတ်ယုတ်သွားပြီလား?

နော့စ် ခေါင်းညိတ်လိုက်သဖြင့် အနီးတစ်ဝိုက်ရှိ
သက်တော်စောင့်များက စိတ်လျှော့လိုက်ကြ
သည်။ သူတို့ ကောင်လေးကို အနားလာခွင့်ပေးလိမ့်မည်။ ကောင်လေး၏သိုဝှက်ထားသောအကြံအစည်ကိုသိရလျှင် ပိုကောင်းသည်ပင်။

နုနယ်သောအသံတစ်သံကို ကြားလိုက်ရချိန်မှာ
သူ့ကိုယ်က တောင့်တင်းသွားရပြီ။

"ကျွန်တော် ဒီမှာထိုင်လို့ရလား"

ထိုကောင်လေးက မေးလိုက်ခြင်း။

ဘာပါလိမ့်...

သူသာ စကားကိုအချိန်ဆွဲပြီးပြောမည်ဆိုလျှင်
ကောင်လေးအတွက် ပို၍ပင် အန္တရာယ်များနိုင်လောက်သည်။ ကောင်လေးက သူ့ကိုတိုက်ခိုက်ဖို့
လာနေတာ မဟုတ်ဘူးလား။

"ရတယ်"

သူ မမာလွန်း၊မပျော့လွန်းသော ပုံမှန်‌လေသံနှင့်
ပြောလိုက်သည်။ သူကိုက ကြောက်စရာကောင်းသော‌အငွေ့အသက်မျိုး အလိုလိုပေးစွမ်း
ပြီးသား။ ထိုအချက်ကို ထိန်းချုပ်၍မရနိုင်။ စီးပွားရေးလုပ်ရင်း၊ အန္တရာယ်များသောအခြေအနေများထဲ ရှင်သန်နိုင်အောင်ကြိုးစားရင်း ထိုသို့ဖြစ်တည်လာခြင်းပင်။

တစ်ကိုယ်ကောင်းဆန်ဆန်ရှင်သန်ရင်း ငြိမ်းချမ်းသောဘဝသို့ || ဘာသာပြန်Where stories live. Discover now