Unicode
သူတို့စကားဆိုခန်းက စိတ်ရှုပ်ထွေးဖွယ်ဖြစ်ကာ
သူ့အတိတ်မှတ်ဉာဏ်များနှင့် မကိုက်ညီ။ ပိုင်လီ
ယခု မေးခွန်းထုတ်မိသည်။ဒီမှတ်ဉာဏ်တွေကို ဘယ်အတိုင်းအတာထိ
မှီခိုအားထားလို့ရနိုင်မလဲ...ပိုင်လီက အဖေ့မျက်လုံးထဲစိုက်ကြည့်ရင်း
နှုတ်ဆိတ်နေမြဲ။ သူ့ကလေးဘဝမှတ်ဉာဏ်
အများစုမှာ ဝေဝါးနေခဲ့သည်။ နေ့စဉ်
အဖြစ်အပျက်တို့ထက်စာလျှင် သူ ခံစားချက်များ
ကိုသာ ပိုအမှတ်ရနေ၏။ အရေးပါသောအခိုက်အတန့်တို့ပဲ ရှင်းလင်းလျက်ရှိသည်။အဖေက သူ့ကိုမုန်းကြောင်း တိုက်ရိုက်ရည်ရွယ်
တာမျိုး ရှိရဲ့လား။ သူ အမြင့်ကနေ တစ်ထစ်ချင်း တွန်းချခံရချိန်မှာ အမေပြောခဲ့ဖူးသည်။ အရာအားလုံးအတွက် သူတို့အဖေကပဲ တာဝန်ရှိသည်ဟူ၍။ ပိုင်လီက အမေ့စကားကိုစုံစမ်းခြင်း
မရှိခဲ့သလို မေးခွန်းလည်း မထုတ်ခဲ့။နှစ်များစွာကြာအောင် အမုန်းတရားက ကြီးထွားခဲ့သော်လည်း သူတို့ ထိုအကြောင်း ဘယ်တုန်းကမှ
ထိပ်တိုက်မပြောဖူးခဲ့။ သူနှင့်ပတ်သက်သမျှအကြောင်းကို အဖေက အမေ့ဆီမှသာ သိရခြင်းဖြစ်သည်။အမေက သူတို့နှစ်ယောက်လုံးကို အမှန်တွေ
ပြောပြခဲ့ရဲ့လား?ထိုအတွေးက ပိုင်လီကို ခေါင်းကိုက်စေသည်။
အမေက အဖေနဲ့သူ့ကို သွေးထိုးခဲ့တာများလား...
ပိုင်လီ ရင်ထိတ်စပြုလာသည်။ သူ ဘာကြောင့်
အဖေ့ရက်စက်မှုတွေကို မမှတ်မိနိုင်ခဲ့ပါလိမ့်။
အလွန်ဆုံးဆိုရလျှင် အဖေက သူ့အကြောင်း
စိတ်မဝင်စားရုံလောက်သာ။ အဖေက ပိုင်ဝေ့ကို
ရော၊ သူ့ကိုပါ ရန်မတိုက်ပေးခဲ့။ပိုင်ထောင် မည်မျှရက်စက်ကြောင်း၊ အပြုအမူ
ဆိုးရွားကြောင်း စသည်တို့ကို အမေက ရှင်းပြခဲ့
ခြင်းဖြစ်သည်။ ပိုင်လီ အသက်ရှူမှန်အောင်
ထိန်းဖို့ပင် မနည်းကြိုးစားနေရပြီ။ပိုင်ထောင်က ပိုင်လီကိုကြည့်နေရင်း နဂို
ပျင်းတွဲတွဲအမူအရာကနေ စိုးရိမ်ကြောင့်ကြသည့်
ပုံစံပြောင်းလာ၏။
YOU ARE READING
တစ်ကိုယ်ကောင်းဆန်ဆန်ရှင်သန်ရင်း ငြိမ်းချမ်းသောဘဝသို့ || ဘာသာပြန်
Romance[ မိသားစုအရှုပ်အထွေး ] Start Date - 23.6.2021 End Date -