Unicode
ပိုင်လီက ပိုင်ဖန်၊ပိုင်ထောင်တို့နှင့်အတူ
မတ်တတ်ရပ်နေသည်။ သူတို့အနောက်မှာက
လီရှန်။ သူမမျက်နှာမှာ တုန်ယင်မှု၊ မရေမရာ
ဝေဝါးမှုမရှိတော့။လွန်ခဲ့သောရက်ပိုင်းအတွင်း ဘာတွေဖြစ်ပျက်ခဲ့သလဲ ပိုင်လီ သိချင်မိသည်။ သူ့ထံလှမ်းကြည့်
သော လီရှန်၏အကြည့်မှာ အေးစက်နေလျက်။ပိုင်ထောင်ကမူ လီရှန်ကို စိတ်ပျက်သလို
မျက်ဝန်းများနှင့်ကြည့်နေလေသည်။ပိုင်ဖန်လည်း စိတ်ကျဉ်းကျပ်နေပုံရသည်။
အဘိုးဖြစ်သူနှင့်တွေ့ဖို့ စိတ်အားထက်သန်နေ
သောကောင်ကလေးပုံစံမဟုတ်ဘဲ များစွာ
ခြားနားနေ၏။ပိုင်လီ ပိုင်ဖန်၏လက်ကိုဆွဲကာ အတူလျှောက်
လာရင်း မေးလိုက်သည်။"ဘာတွေဖြစ်ခဲ့လို့လဲ"
"ကျွန်တော့်အဘွားက ခါတိုင်း ဒီလိုမဟုတ်ဘူး၊ ဘွားဘွား ကျွန်တော့်အဖေကို သာမန်စီးပွားရေး
သမားအနေနဲ့ သိထားတုန်းက ကျွန်တော်
ဘွားဘွားအိမ်ဆီ သွားဆော့ဖူးတယ်၊
ဘွားဘွားနဲ့ဆွေမျိုးတွေက ကျွန်တော့်အပေါ်
အမြဲကောင်းပေးခဲ့တာ၊ ကျွန်တော့်ကို ဘာမှ
မလုပ်ခိုင်းခဲ့ဘူး"ပိုင်ဖန်က တစ်လုံးပြီးတစ်လုံး ပြောတိုင်း
လေသံတိုးလာသည်။အလိုဆန္ဒတွေ၊ လောဘတွေ။
ကလေးများက ကွာဟမှုကို သတိမပြုမိတတ်သော်လည်း လူကြီးများ၏အပြုအမူအတိုင်း
လိုက်အတုယူတတ်ကြသည်။လီရှန်က ပိုင်ဖန်ကို သားအရင်းလို သဘောထား
သော်ငြား သူမ၏မိသားစုက ထိုသို့တွေးပုံမပေါ်။ အပြင်လူဖြစ်သည့် လီရှန်၏အမေအနေနှင့်
ပိုင်ဖန်ကို အသုံးချစရာတစ်ခုလိုသာ
တွေးပေမည်။လီရှန်၏အမေက ပိုင်ဖန် အရွယ်ရောက်သည်
အထိ စောင့်ပြီးမှ သိမ်းသွင်းဖို့ကြံစည်ထားခြင်း။ သို့ရာတွင် ပိုင်လီက သူမ၏အကြံအစည်ကို
ပျက်စီးစေသဖြင့် သူမလည်း ဆက်မဟန်ဆောင်တော့။ပိုင်လီက ကိစ္စများကို ဖော်ထုတ်လိုက်သည့်
အတွက် လီရှန် ရန်လိုနေခြင်းဖြစ်မည်။
YOU ARE READING
တစ်ကိုယ်ကောင်းဆန်ဆန်ရှင်သန်ရင်း ငြိမ်းချမ်းသောဘဝသို့ || ဘာသာပြန်
Romance[ မိသားစုအရှုပ်အထွေး ] Start Date - 23.6.2021 End Date -