အပိုင်း - ၂၇ (U+Z)

2.3K 509 40
                                    

Unicode

အဘိုးဖြစ်သူနှင့်မတွေ့ခင် သောကြာနေ့ရောက်လာပြီ။ ကျောင်းမတက်ရသေးမီ တစ်ရက်အပြည့် အနားရသောနေ့လည်း ဖြစ်သည်။

ဒေ့ဗ်ကမ်ပိုနှင့် ဆမ်ဖယ်ရွန်ကို မောလ်မှာတွေ့ဆုံဖို့
ပိုင်လီ ကြံစည်ထား၏။ သူ့အတွက် လုံခြုံရေး
အဖွဲ့စီစဉ်ရာမှာ ထိုနှစ်ဦးက တာဝန်ရှိလိမ့်မည်။
ကမ်ပိုနှင့်ပတ်သက်ပြီး စိတ်ဝင်စားစရာကိစ္စ
တစ်ခုခုဖြစ်လာမည်ဟု ပိုင်လီ ပြောခဲ့စဉ်က
နော့စ် သိပ်ယုံ‌ကြည်ပုံမပေါ်။

ကိစ္စမရှိ၊ အချိန်က စကားပြောလိမ့်မည်။

မောလ်အတွင်း McPolands တွင် ပိုင်လီ
ထောင့်ကျကျတစ်နေရာ၌ ထိုင်နေရင်း ရယ်မိ
သည်။ ပထမဆုံးလုပ်ငန်းပိုင်းတွေ့ဆုံမှုက
ဤနေရာမှာ။ လှေကားတစ်လျှောက်တက်လာ
သည့် အမျိုးသားနှစ်ဦး စားပွဲခုံမှာ ဝင်ထိုင်လိုက်
တာကို သူမြင်ရသည်။ ဤအနေအထားဆိုလျှင်
သူစောင့်နေသည့်လူမှလွဲ၍ တခြားမဖြစ်နိုင်တော့။

"ဟယ်လို"

ထိုအမျိုးသားနှစ်ဦးလုံးက အလေးအနက်ကြည့်
လာသည်။ ပရော်ဖက်ရှင်နယ်ဆန်သော်လည်း
ပိုင်လီအနားသို့ ချဉ်းကပ်လာချိန်မှာ နှစ်ဦးလုံးက သံသယနှင့်အတူ သတိကပ်နေမှန်း ခံစားမိသည်။

ပိုင်လီ နားလည်ပေးနိုင်ပြီးသား။ သူက အသက်ငယ်ရွယ်လွန်းနေသည်မဟုတ်လား။

သူ့အိတ်ကပ်ထဲမှစာအိတ်နှစ်အိတ်ထုတ်ကာ
ထိုနှစ်ဦးဆီ တွန်းပို့ပေးလိုက်သည်။

သူလိုချင်သည့် အဖွဲ့အနေအထားကို မီးမောင်းထိုး
ပြသကဲ့သို့ဖြစ်နေသည်။

ထိုအမျိုးသားနှစ်ဦးက ခပ်မတ်မတ်ထိုင်လိုက်ကာ
ခံစားချက်အရှိန်အဝါ ပြောင်းလဲသွားပြီ။

ကောင်းတယ်...

ပိုင်လီ၏အသက်အရွယ်အရ ဘာမှမလုပ်ကိုင်နိုင်။ တစ်ခုတော့ရှိသည်။ သူ့အရှိန်အဝါကိုသုံးပြီး အနီးအနားမှလူများကို သတိကြီးကြီးထားစေဖို့ပဲ
တတ်နိုင်သည်။

"ဒေ့ဗ်...ကျွန်တော် ခေါ်တဲ့အကြောင်းရင်းကို
သိမယ်လို့ထင်ပါတယ်"

တစ်ကိုယ်ကောင်းဆန်ဆန်ရှင်သန်ရင်း ငြိမ်းချမ်းသောဘဝသို့ || ဘာသာပြန်Where stories live. Discover now