Unicode
အိပ်ချင်မူးတူး သမ်းဝေသံက ကားအတွင်းတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ ပိုင်လီ မနက်စောစောထတာကို ကျင့်သားမရခဲ့။ သူ့စိတ်ကြိုက် လွတ်လပ်စွာ ထချင်သည့်အချိန် ထပြီး
အလုပ်ကိုလည်း ကိုယ့်နှုန်းအတိုင်း ဆောင်ရွက်
ခဲ့တာဖြစ်သည်။ ကျောင်းချိန်ကို ဘယ်တော့မှ
ကျင့်သားရလာမလဲ သူ မသိပေ။ သေချာတာက
သူ တနင်္လာနေ့မနက်ခင်းများကို သဘောမကျပါ။ပိုင်ဖန်ကတော့ သူနှင့်ဆန့်ကျင်ဘက်။ မနက်အစောကြီး ပိုင်လီကို လာခေါ်လေ့ရှိသည်။
ကျောင်းတက်ဖို့၊ သူငယ်ချင်းအသစ်များနှင့် မိတ်ဆွေဖွဲ့ဖို့ဆိုလျှင် ပိုင်ဖန်က အတိုင်းအဆမဲ့
အောင် တက်ကြွနေတတ်သည်။ ပိုင်လီ အားကျ
မိသလို စိတ်လည်းရှုပ်ရ၏။ကျောင်းပြန်တက်ရမှာကို သူ စိတ်မလှုပ်ရှား
ပေ။ ဖြစ်နိုင်လျှင် အတန်းကျော်ပစ်ဖို့ စဉ်းစားမိသော်လည်း ထိုစိတ်ကူးကို ထိန်းချုပ်လိုက်ရ
သည်။ သူ့ကိုယ်သူ အလံနီလွှင့်ထူတာ များနေပြီမဟုတ်လား။လူတွေက သူ့ကို အရည်အချင်းလျှိုထားသည်ဟု
ထင်ကြ၏။ ယခုအချိန်မှာ သူ လက်စွမ်းပိုပြလျှင်
လူတိုင်းက သံသယဝင်လိမ့်မည်။ အထက်တန်းတက်ရမည့်နှစ်အနည်းငယ်ကို အလိုက်သင့်
ကျော်ဖြတ်သွားတာ ပိုကောင်းသည်။ သူ့အလုပ်
ကိုလည်း ရပ်တန့်စေမှာမဟုတ်။ ထိုအစား သူ့လှုပ်ရှားမှုလုပ်ရပ်များအတွက် သင့်တော်သည့် cover ရလိမ့်မည်။တက်ကြွခုန်ပေါက်နေသော ပိုင်ဖန်ကို သူ
ကြည့်ရင်း အံ့ဩနေမိသည်။ သူ့ကိုယ်ပိုင်ဘဝမှာ တစ်စုံတစ်ရာပျောက်ဆုံးနေကြောင်း မီးမောင်း
ထိုးပြလိုက်သည့်အတိုင်းပင်။ သူ့ကို စိတ်လှုပ်ရှားပျော်ရွှင်စေတဲ့တစ်စုံတစ်ရာရှိပါရဲ့လား။
ပင်အန်းနဲ့ အပြိုင်အဆိုင်အကွက်ရွှေ့တာ
မဟုတ်ဘဲလေ။ထိုအတွေးက ဝင်လာပြီးသည်နှင့် လျင်မြန်စွာပင်
သူ့ခေါင်းထဲမှခုန်ထွက်သွား၏။ ပိုင်ဖန်က
ကားထဲမှာ ဒီထက်ပိုပြီး မနေလိုတော့။ ပိုင်လီ အလိုလိုက်သလိုပြုံးပြီးနောက် သူ့ညီလေး၏
လက်ကိုဆုပ်ကိုင်ကာ ခေါ်လာလိုက်သည်။
YOU ARE READING
တစ်ကိုယ်ကောင်းဆန်ဆန်ရှင်သန်ရင်း ငြိမ်းချမ်းသောဘဝသို့ || ဘာသာပြန်
Romance[ မိသားစုအရှုပ်အထွေး ] Start Date - 23.6.2021 End Date -