အပိုင်း - ၂၆ (U+Z)

2.2K 529 29
                                    

Unicode

ပိုင်လီ ခေါင်းကိုက်လာသလို ခံစားရသည်။ သူ့မှာ အဖေတူအမေကွဲမောင်နှမတွေ နောက်ထပ်မရှိဖို့ မျှော်လင့်၏။

"ပြီးတော့?"

"အဲ့အချစ်ဦး ပျောက်ကွယ်သွားတယ်၊
မင်းအဖေနဲ့ ပင်အန်းဆုံပြီး ဘယ်လောက်မှ
မကြာဘူး၊ အဲဒီအမျိုးသမီးက ပျောက်ခြင်းမလှ ပျောက်သွားခဲ့တာ"

"သေသွားတာလား၊ အသက်ရှင်နေသေးရဲ့လား"

ပိုင်လီက သူ့အမေအကြောင်း ကောင်းကောင်း
သိသည်။ ပင်အန်းက လူသတ်မှုကျူးလွန်ရန် ဝန်လေးမည့်သူမဟုတ်။ ပိုင်ထောင်နှင့်ပတ်သက်
လာလျှင် သူမက ထို့ထက်ပိုသောကိစ္စများကို ကြံစည်ခဲ့ပြီပဲ။

"ကိုယ် သဲလွန်စဟောင်းတွေကို ဆွဲထုတ်လိုက်ရုံ"

နော့စ်က အဖြေကို တိတိကျကျမပေး။

"ဘာပဲဖြစ်ဖြစ် ကျွန်တော်သိဖို့မလိုပါဘူး၊
ပင်အန်း ဘယ်လောက်ကြာ‌အောင် အလုပ်ရှုပ်နေ
လိမ့်မလဲ"

အဘိုးနှင့်ညှိနှိုင်းစဉ်အတောအတွင်း ပိုင်လီ
ကိုယ့်နာမည်ကိုယ် ရှင်းလင်းအောင် သက်သေပြရမည်။ အမေ့ဆီမှ အချက်အလက်များနှင့်အတူ။

"၆ လကနေ တစ်နှစ်အတွင်း ကြာနိုင်တယ်"

"ကျေးဇူးပါ၊ ဒါနဲ့ ကျွန်တော့်ဆေးစစ်ချက်
မှတ်တမ်းကို တွေ့ပြီးပြီလား"

ထိုအမျိုးသား လိုလိုလားလား ကူညီနေမှတော့
ပိုင်လီကလည်း အကူအညီကို အထိရောက်ဆုံးအသုံးချမည်။

"ဟင့်အင်း၊ ဘာလို့လဲ"

နော့စ်အသံမှာ နက်မှောင်လျက်ရှိသည်။

"တအားပြင်းထန်တာတော့ မဟုတ်ပါဘူး၊
ကျွန်တော် စိတ်ချရမယ့်ဆရာဝန်တစ်ယောက် လိုအပ်တယ်"

အနားမှာရှိသည့်ဆရာဝန်များ ပြောသမျှကို
ပိုင်လီယုံကြည်နေလျှင် ရူးမိုက်ရာကျမည်။

"တအားပြင်းထန်တာ မဟုတ်ဘူးလို့ သတ်မှတ်
တယ်ပေါ့?"

နော့စ် မေးလိုက်၏။

"တစ်စုံတစ်‌ယောက်ရဲ့အကြံအစည်ကြောင့်
ခဲဆိပ်မိတာ"

ပိုင်လီ ဘာမှမဖြစ်သလို အေးအေးဆေးဆေး
ပြောလိုက်သည်။

တစ်ကိုယ်ကောင်းဆန်ဆန်ရှင်သန်ရင်း ငြိမ်းချမ်းသောဘဝသို့ || ဘာသာပြန်Tempat cerita menjadi hidup. Temukan sekarang