အပိုင်း - ၃၇ (U+Z)

3.2K 450 29
                                    

Unicode

အခန်းထဲကို နောက်ထပ်လူတစ်ယောက်ဝင်လာ
ချိန် လူတိုင်း အာရုံပြောင်းနေသည့်အခိုက်အား
အခွင့်ကောင်းယူကာ ပိုင်လီ ခွက်လဲပစ်လိုက်
သည်။ ခွက်အပိုကိုတော့ ထိုင်ခုံအောက်သို့
လှိမ့်ချထား၏။

သူ မော့ကြည့်လိုက်ရာ အန်နီမှလွဲ၍ မည်သူကမှ
သတိထားမိပုံ‌မပေါ်။ သူမကလည်း ပိုင်လီလိုပဲ
တစ်ထပ်တည်းပြုမူလိုက်၏။ သူတို့နှစ်ဦး
အပြန်အလှန်ပြုံးမိပြီးတော့မှ အပြစ်ကင်းသော
ပုံစံကို ဆက်ထိန်းသိမ်းထားကြသည်။

ထိုင်ခုံနေရာကို ကြိုစီစဉ်ထားသည်ဆိုကတည်းက
သိသင့်နေပြီ။ သူတို့က အရက်ပုလင်းကို ဘာမှ
ကြံစည်လို့မရ။ အဘယ်ကြောင့်ဆိုသော်
သောက်စရာကို လူတိုင်း ညီတူမျှတူ လက်ခံရရှိ
မှာမို့။ သို့ရာတွင် ဖန်ခွက်ကိုမူ ကလီကမာလုပ်
ထားလို့ရသည်လေ။

ပိုင်လီသာဆိုလျှင် နှစ်ဆင့်ခံ ထောင်ခြောက်ကို
ချထားမှာဖြစ်၏။ ဖန်ခွက်ကိုရော၊ အရက်ပုလင်း
ကိုပါ အကြံအစည်လုပ်ထားမည်။ ထိုနှစ်ခု
ထိတွေ့ပေါင်းစပ်သွားသောအခါ ပြဿနာတက်
လာလိမ့်မည်။

သူ ထိုင်ခုံမှာနောက်မှီရင်း အတန်းဖော်များ
ဆက်သွယ်ပြောဆိုနေကြတာကို စောင့်ကြည့်မိ
သည်။ အက်ဒီက လူမှုအသိုင်းအဝိုင်းမှာ ဝင်ဆန့်
သူပင်။ ဤနေရာမှာရရှိသည့် အဆက်အသွယ်
များက အက်ဒီအား မိသားစုကုမ္ပဏီမှာ နေရာ
တစ်ခုခြေကုပ်မိစေရန် အထောက်အပံ့ပေးလိမ့်
မည်။ ဒုတိယသားဖြစ်သည့် အက်ဒီအနေနှင့်
သူ့အစ်ကို၏အရိပ်အောက်မှ တိုးထွက်ရန်
လိုအပ်သည်။

တံခါးနားတွင် တရုန်းရုန်းဖြစ်နေပြီးနောက်
ပိုင်လီ ရင်းနှီးနေသောမျက်နှာက ဘွားခနဲပေါ်လာ
သည်။ အလယ်တန်းကျောင်းတုန်းက သူ့ဘော်ဒါ
ဟောင်းများနှင့်ကြုံဆုံရပြီ။ ထိုသူတွေက
အခန်းမှားဝင်မိကြောင်း ပြောကာ တောင်းပန်
နေကြရင်း။ ထိုအုပ်စုခေါင်းဆောင်က ပိုင်လီ
ဘက်သို့ တမင်တကာမကြည့်မိအောင် နေပြီး
ပိုလို့သံသယဖြစ်ဖွယ်ကောင်းစေသည်။

မည်သူလဲဆိုတာကို ပိုင်လီ မသိချင်ယောင်ဆောင်
နေလိုက်သည်။ မမှတ်မိရလောက်အောင်
သူ့ဦးနှောက်က ပျက်စီးနေပြီမို့လား။ လွန်ခဲ့သည့်
သုံးလအတွင်း ပိုင်လီ ထိုသူတွေကို မဆက်သွယ်
မှတော့ သူငယ်ချင်းအဖြစ် ရပ်စဲကြောင်း
လုံလုံလောက်လောက် သိသာနှင့်ပြီးသား။

You've reached the end of published parts.

⏰ Last updated: Nov 27, 2021 ⏰

Add this story to your Library to get notified about new parts!

တစ်ကိုယ်ကောင်းဆန်ဆန်ရှင်သန်ရင်း ငြိမ်းချမ်းသောဘဝသို့ || ဘာသာပြန်Where stories live. Discover now