အပိုင်း - ၁၆ (U+Z)

2.3K 575 27
                                    

Unicode

"လူအိုကြီး၊ တစ်ခုခုထပ်မဆွေးနွေးခင် ကျွန်တော်
ပေးထားတဲ့စာရွက်စာတမ်းမှာ လက်မှတ်အရင်ထိုးလိုက်ပါဦး"

ပိုင်လီအနေနှင့် မူလအကြံအတိုင်း အစဉ်လိုက်
သွားဖို့လိုအပ်သည်။

"ကြည့်ရတာ ကျွန်တော် အဖေ့ကို အလွယ်တကူ
အလျှော့ပေးနေမိပြီ ထင်တယ်"

သူတို့သားအဖနှစ်ဦးကြားတွင် ဂျူလီယန်က
ဟိုဘက်ကြည့်ရမလို၊ ဒီဘက်ကြည့်ရမလို
ယောင်တောင်တောင်ဖြစ်နေသည်။ တစ်ခုခု
ပြောမည်ပြင်လိုက်၊ နှုတ်ခမ်းပြန်စေ့သွားလိုက်...။

"ဟုတ်လား"

ပိုင်ထောင်က ကုလားထိုင်လက်ရန်းပေါ်မှာ
လက်ချောင်းကို တတောက်တောက်ခေါက်နေ
သည်။

"ငါ့သားက တကယ်အတော်ဆုံး"

"အဲဒီစကားကို ပိုင်ဖန်အတွက် ချန်ထားလိုက်"

ပိုင်လီ ပြောလိုက်သည်။ သူတို့သားအဖနှစ်ဦးလုံး
ထိုစာရွက်စာတမ်းမှာ လက်မှတ်ထိုး၊ အတည်ပြု
ပြီးတော့မှသာ သူ ဆုံးဖြတ်ချက်တစ်ခုခုချနိုင်လိမ့်မည်။

ဂျူလီယန်က တုန်လှုပ်အံ့သြသလိုအသံပြု
လိုက်ကာ ကုလားထိုင်မှ ထခုန်လုမတတ်ဖြစ်သွားသည်။

"...ထ-ထောင်.."

အထစ်ထစ်အငေါ့ငေါ့ခေါ်ရင်း ပိုင်လီဆီသို့ လက်ညှိုးထိုးလိုက်သေး၏။

ပိုင်ထောင်က သူငယ်ချင်းဖြစ်သူကို 'တိတ်တိတ်နေ'ဟူ‌သောသဘောဖြင့် တစ်ချက်
လှမ်းကြည့်သည်။

စိတ်ဝင်စားစရာပဲ...

ပိုင်ထောင်က ဂျူလီယန်လိုလူမျိုးဆီမှာ ပိုင်ဖန်နဲ့ပတ်သက်ပြီး ပြောပြထားတယ်ပေါ့?

အကြောင်းရင်းကို ပိုင်လီ မသိချင်ဘဲ မနေနိုင်။

ပိုင်ထောင်က ခြေချိတ်ထိုင်နေရာမှ ပြန်ခွာလိုက်ကာ-

"ဝမ်းရှီနဲ့ပတ်သက်ပြီး ရပိုင်ခွင့်တွေကို ဘာလို့
အတင်းလက်လျှော့နေရတာလဲ၊ မင်းက ဆက်ခံသူဖြစ်သင့်တာပဲမဟုတ်လား"

ဂျူလီယန်ဆီမှ အာမေဋိတ်သံက
ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်လာပြန်သည်။

တစ်ကိုယ်ကောင်းဆန်ဆန်ရှင်သန်ရင်း ငြိမ်းချမ်းသောဘဝသို့ || ဘာသာပြန်Donde viven las historias. Descúbrelo ahora