အပိုင်း - ၃၀ (U+Z)

1.9K 476 12
                                    

Unicode

"ကြွက်ထောင်ချောက်?"

ပိုင်ဖန်က မေးလိုက်သည်။

ပိုင်လီ လက်ဆန့်ကာ ပိုင်ဖန်၏ခေါင်းလေးကို
ပွတ်သပ်ပြီးနောက် အဘိုးဖြစ်သူနှင့်
အကြည့်မလွှဲ။

"အဘိုးလုပ်တာမဟုတ်ဘူး"

ပင်ကျန်းက ဆိုသည်။

"အဘိုး ပိုင်ဝေ့ကို အခန်းထဲမှာပဲ နေခိုင်းတာ၊
ကားရပ်ရပ်ချင်း ‌ပိုင်ဝေ့ ပြေးထွက်လာတော့
အဘိုးလည်း အံ့ဩသွားတယ်"

အနောက်ဘက်မှအသံတစ်သံ ထွက်ပေါ်လာ၏။
ပိုင်ဝေ့ကို နှစ်သိမ့်နေသည့်အိမ်စေက
ခလုတ်တိုက်မိကာ ပန်းအိုးတစ်အိုးကို
တိုက်ချလိုက်ခြင်း။

"ဒီအိမ်မှာ အဘိုးရဲ့အမိန့်ကို မနာခံရဲတဲ့သူ
ရှိလို့လား"

ပင်ကျန်း၏အမူအရာသာ ထူးခြားမနေပါလျှင်
ပိုင်လီလည်း ယုံကြည်မိမှာမဟုတ်။

"ဟားဟား၊ အဘိုးလည်း မထင်ထားမိဘူး"

ရယ်သာရယ်လိုက်သော်လည်း ပင်ကျန်းပုံစံက
ရွှင်မြူးပုံမပေါ်ပါ။

"ရှင်းပြပါဦး"

ပိုင်ထောင်က အိမ်စေကိုကြည့်ရင်း ကြားဝင်
ပြောလိုက်သည်။

"Si si si Sir...ကျွန်မကိုပြောခဲ့တာက ဒီလို
မဟုတ်ဘူး"

အိမ်စေက စကားထစ်လျက်။

ပိုင်ဖန် ခေါင်းလေးက ဟိုဘက်ကြည့်ရမလို၊
ဒီဘက်ကြည့်ရမလို ယောင်လည်လည်
ဖြစ်နေပြီး ပိုင်ဝေ့ကတော့ မျက်နှာရှုံ့နေသည်။

"ခင်ဗျားကို ဘာပြောထားလို့လဲ"

ပိုင်လီ စေ့ဆော်လိုက်သည်။

"မစ္စတာ ဂရန်ဂျာက ကျွန်မကို အစီအစဉ်တွေပြောင်းလဲမှုရှိကြောင်း ပြောပါတယ်၊ ပိုင်ဝေ့ကို
ကျန်မိသားစုဝင်တွေရှေ့မှောက် ခေါ်လာရမယ်
ဆိုပြီး"

အိမ်စေက ဒူးထောက်လိုက်ကာ

"ကျေးဇူးပြုပြီး ယုံပေးပါ"

ပိုင်လီ တုန်လှုပ်သွားရသည်။

ဒီအိမ်စေက ဘာကိုကြောက်ရွံ့နေတာလဲ?

တစ်ကိုယ်ကောင်းဆန်ဆန်ရှင်သန်ရင်း ငြိမ်းချမ်းသောဘဝသို့ || ဘာသာပြန်Onde histórias criam vida. Descubra agora