အပိုင်း - ၉ (U+Z)

2.3K 559 30
                                    

Unicode

သူ့အခန်းတံခါးက ပွင့်နေခဲ့သည်။ ပိုင်လီက အိပ်မှုန်စုံမွှားဖြစ်ရင်း အိပ်ရာထက်မှာ လဲလျောင်းလျက်သား အနေအထား။ အချိန်က ည ၂ နာရီ
စွန်းရုံမျှသာ ရှိသေးသည်။ သူ ဘာကိုမျှော်လင့်လို့
ရနိုင်ဦးမလဲ...

အမေက သူများအတွက် တစ်ခါမှမတွေးဖူးခဲ့ပေ။

ဘယ်လိုအမေမျိုးက သားသမီးကို ဒီအချိန်ကြီး
လာနှိုးပါ့မလဲ?

ပိုင်လီမှန်းဆထားသည့်အတိုင်းပင် ငိုရှိုက်သံကို
စကြားရသည်။ အမေက သူ့ကို ခပ်ကြမ်းကြမ်း
လှုပ်ယမ်းနေရင်း တစ်ချက်တစ်ချက် ရှိုက်လိုက်၊
ငိုလိုက်ဖြစ်နေသည်။ လွန်ခဲ့သောနှစ်စက္ကန့်တုန်းက အမေ့ပုံစံက ကြွက်လို ခပ်ကုပ်ကုပ်ဝင်လာသည်
မဟုတ်လား။ ရုတ်တရက်ကြီး ဝမ်းနည်းပက်လက်ခံစားချက်တွေက ဘယ်ကနေ ပေါ်လာပါလိမ့်။

ပိုင်လီ ချက်ချင်းပင် နိုးကြားသလိုနေလိုက်၏။
သို့မဟုတ် အတတ်နိုင်ဆုံးကြိုးစားကာ တုပသည်
ဆိုလျှင် ပိုမှန်မည်။

ပိုင်လီက စိုးရိမ်ပူပန်သောအသံဖြင့်-

"အမေ?"

"အမေ့ကလေးရယ်..."

ပင်အန်းက လက်ဆန့်ကာ သူ့ပါးကို ဖွဖွပွတ်သပ်သည်။

ပိုင်လီ၏နှလုံးသားက ဆွဲဆုပ်ခံရသလိုဖြစ်သွားသည်။ အမေသရုပ်ဆောင်နေမှန်း သူသိသော်ငြား
သက်ရောက်မှုရှိနေဆဲ။ သူ အမေ့အပေါ် မျှော်လင့်ချက်ကြီးကြီးမားမားထားခဲ့တာနှင့်ပတ်သက်ပြီး နားလည်ဖို့ခဲယဉ်းပေသည်။
ပိုင်ထောင်၊ ပိုင်ဝေ့တို့ထက်စာလျှင် အမေ့ထံမှ
ချစ်ခြင်းမေတ္တာနှင့်အသိအမှတ်ပြုမှုကို သူ
အမက်မောဆုံးဖြစ်ခဲ့‌၏။

သူတစ်ကိုယ်တည်း အထီးကျန်ခဲ့သည့် မှောင်မိုက်သောအခိုက်အတန့်တွေမှာ အမေ့
လုပ်ရပ်များကို မေ့ပစ်ဖို့ သူစဉ်းစားခဲ့ဖူးသည်။
အမေ့နယ်ရုပ်အဖြစ် ဆက်နေဖို့ပင် တွေးမိခဲ့ခြင်း။

ပိုင်လီ စကားဆက်ပြောဖို့ ထိန်းထားလိုက်သည်။
အမေ့စိတ်တိုင်းကျဖြစ်ခွင့်ပေးလျှင်လည်း
သူ့အတွက် အခွင့်မသာမှာ စိုးရသည်။

တစ်ကိုယ်ကောင်းဆန်ဆန်ရှင်သန်ရင်း ငြိမ်းချမ်းသောဘဝသို့ || ဘာသာပြန်Donde viven las historias. Descúbrelo ahora