အပိုင်း - ၃၃ (U+Z)

1.8K 422 10
                                    

Unicode

ပိုင်လီ စာရွက်အပိုင်းကိုဆုပ်ထားရင်း
ရင်တထိတ်ထိတ်ဖြစ်လာသည်။

"ကျွန်တော် ဒါကို သိမ်းထားလို့ရမလား"

သူ မေးလိုက်ကာ ကြိုတင်လေ့ကျင့်ပြီးသား
သတိမမူမိသည့်ပုံစံနှင့် စာရွက်ကို လွတ်ကျစေလိုက်၏။

"ဒီစာနဲ့ပတ်သက်ပြီး ထူးခြားတာတစ်ခုခု
ရှိလို့လား"

ပင်ကျန်းက တစ်စုံတစ်ရာသိလိုစိတ်ဖြင့် မေးသည်။

"ကျွန်တော်လည်း မသိပါဘူး"

ပိုင်လီ ပခုံးတွန့်ပြလိုက်ကာ

"ကျွန်တော်သိသလောက်ကတော့ အမေနဲ့
ပတ်သက်လာရင် ဘယ်အရာမှမရိုးရှင်းဘူး
ဆိုတာပဲ"

ပင်ကျန်းကို လွယ်လွယ်သိမ်းသွင်းလို့မရပေ။
သို့သော် နှစ်ဖက်စလုံးက ဝန်ခံဖို့မလိုလား။

"ဟုတ်ပါပြီ၊ မင်းရဲ့လျှို့ဝှက်ချက်တွေကို
ထိန်းသိမ်းထားပေါ့"

သူ့အဘိုးက မပွင့်တပွင့်ဆိုသည်။

ခိန်းက ‌ပြုံးနေကာ ပင်ကျန်းကို အလိုလိုက်မည့်
ပုံမျိုး။

ထိုနှစ်ဦး၏သီးသန့်အခိုက်အတန့်ကို ပိုင်လီက
ကျူးကျော်မိသလို ဖြစ်နေသည်။
မျက်နှာချင်းဆိုင်မှလူနှစ်ဦးကိုကြည့်ရင်း
သူ ထိုသို့ အလိုလိုခံစားမိခြင်း။

သူ အရင်တုန်းက အာရုံမစိုက်မိလို့လား၊
ဒါမှမဟုတ် ဒီနှစ်ယောက်ကပဲ ဟန်ဆောင်
ကောင်းနေခဲ့တာလား။

ထိုနှစ်ဦး၏ဆက်ဆံရေးက လုပ်ဖော်ကိုင်ဖက်မိတ်ဆွေတွေထက် ပိုနေတာကို သူ,မသိခဲ့တာ
မယုံနိုင်စရာ။

"အဘိုးဆီကို အကူအညီရဖို့လာမယ်ဆို
တွေးကြည့်တာတော့ ခက်မယ်၊ ဒါပေမယ့်
အကယ်၍ မင်း အကူအညီလိုခဲ့ရင် အဘိုး
ဒီမှာရှိနေတယ်ဆိုတာကို သိထားပေး"

ပင်ကျန်းက ဆိုသည်။

ခိန်း မတ်တတ်ထရပ်ကာ ပင်ကျန်း၏စားပွဲမှ
ဘူးတစ်ဘူးကို ထုတ်ယူလိုက်လေသည်။

"ဒါ မင်းအတွက်"

ပိုင်လီ ဘူးကိုလှမ်းယူပြီး ဖွင့်ကြည့်လိုက်သည်။
သူ့လက်ထဲမှ လွှတ်ချမိလုနီးနီးပင်။ အတွင်းမှာ
ရှိနေတာက စာရွက်စာတမ်းများ။ ကုမ္ပဏီနှစ်ခု
နှင့်ဘဏ်အကောင့်များစွာကို ပိုင်လီ၏နာမည်
ဖြင့် ထားထားတာဖြစ်သည်။ သူ နေ့စွဲကို
စစ်ဆေးကြည့်တော့ သူမွေးကတည်းက
စီစဉ်ထားခြင်းဖြစ်မှန်း သိလိုက်ရသည်။

တစ်ကိုယ်ကောင်းဆန်ဆန်ရှင်သန်ရင်း ငြိမ်းချမ်းသောဘဝသို့ || ဘာသာပြန်Where stories live. Discover now