Unicode
ပြေးလမ်းသုံးပတ်ပတ်ပြီးနောက် ပိုင်လီ
အိမ်ရှေ့သို့ပြန်လာခဲ့သည်။ ထိုအချိန်မှာပဲ
သူ့မိဘများ၏ကားကို အိမ်ရှေ့၌ရပ်ထားကြောင်း တွေ့လိုက်ရသည်။ သူ ကြိုသိမည်ဆိုလျှင် နောက်ထပ်ပြေးလမ်းတစ်ပတ်ပတ်ဖြစ်မှာပင်။အစေခံတစ်ဦးက မျက်နှာသုတ်ပဝါတစ်ထည်
ယူလာပေးကာ ပိုင်လီ ၎င်းကိုအသုံးပြု၍
ချွေးသုတ်လိုက်သည်။ သူ မျက်နှာသုတ်ပဝါကို
ပခုံးနှစ်ဖက်ပေါ် ချိတ်တင်ထားရင်း သူ့အမေ
အတွက် တံခါးဖွင့်ပေးလိုက်၏။ပင်အန်းက ကျော့ရှင်းတင့်တယ်စွာဝတ်စားထားလျက်၊ ဆံခြည်တစ်မျှင်ပင် ကပ်ငြိခြင်းမရှိ။
ခေါင်းအစခြေအဆုံး ဒီဇိုင်နာဝတ်စုံကို ဆင်ယင်ထားသည်။ ပင်အန်းက သမီးဖြစ်သူကို အဖေ့ထံ
သွားပို့သည့်ပုံစံဆိုတာထက် အစည်းအဝေး
သွားမည့်စတိုင်လ်ဖြစ်နေသည်။သူ့အမေက အရွယ်တင်ကာ ချောမောနေမြဲ။
သူမ၏ခပ်ဆတ်ဆတ်ဟန်ကိုပါ ထည့်တွက်လိုက်လျှင် လူအများအနေနှင့် သူမကို အလိုလိုက်ယုယချင်စိတ်ပေါ်လာလောက်သည်။ နောက်ပိုင်းတွင်
ပင်အန်းက ထိုစကေးလ်ကို ပိုင်ဝေ့ဆီလွှဲပြောင်းခဲ့လေ၏။"ဝေ့ဝေ့ရော?"
ပိုင်လီ မေးလိုက်သည်။ သူ့အသံထဲ စိတ်ပျက်မှု
လုံလုံလောက်လောက် ပေါ်လွင်နေစေဖို့ ကြိုးစား
ထားရ၏။ ပင်အန်းက နှုတ်ခမ်းနှစ်လွှာကို မသိမသာဖိပြီးမှ ပြုံးလိုက်သည်။ ပိုင်လီသာ
အာရုံမစိုက်ထားပါက သူမ၏မျက်နှာထက်
မူမမှန်မှုကို သတိပြုမိနိုင်မှာမဟုတ်ပေ။မသိလျှင် ဆံထုံးမှဆံခြည်မျှင် ကျနေသလိုမျိုး
ပင်အန်းက ဟန်ဆောင်ကာ ခေါင်းကိုလက်ဖြင့်
သပ်လိုက်သည်။ သူမ၏ခေါင်းငဲ့ထားပုံက
အပြုံးနှင့်ကွဲလွဲစွာ ဝမ်းနည်းနေသယောင်
ခံစားရစေသည်။"ဝေ့ဝေ့က သားအဘိုးနဲ့ ခဏအတူနေလိမ့်မယ်၊
သားအဘိုးက စိတ်အခြေအနေသိပ်မကောင်း
လို့လေ"ပင်အန်းက စိတ်ထိခိုက်နေသလိုမျက်နှာနှင့်။
အမေက ညီမလေးနှင့် ခွဲခွာနိုင်စွမ်းမရှိမှန်း
ပိုင်လီကျိန်ပြောရဲသည်။ ၎င်းက အမှန်တရား။
သူမက ပိုင်ဝေ့ကို ပုံသွင်းပြီး လမ်းညွှန်ချင်သဖြင့် ယခုလိုခွဲရသည့်အခိုက်အတန့်က အကျပ်အတည်းဖြစ်စေသည်ပင်။
ESTÁS LEYENDO
တစ်ကိုယ်ကောင်းဆန်ဆန်ရှင်သန်ရင်း ငြိမ်းချမ်းသောဘဝသို့ || ဘာသာပြန်
Romance[ မိသားစုအရှုပ်အထွေး ] Start Date - 23.6.2021 End Date -