Unicode
ပိုင်လီက သူ့အဖေနောက်မှာပုန်းကွယ်ပြီး အကာအကွယ်ပေးတာကို လက်ခံနေဖို့စိတ်ကူး
မရှိ။ တစ်ကြိမ်လက်ခံလိုက်ပါက နောင် သူ
အလိုမရှိသည့်အချိန်မှာလည်း ငြင်းမရသော
အဖြစ်မျိုးကြုံနိုင်သည်။ကျောင်းမတက်ရသေးခင် တစ်ပတ်အလိုက
အချိန်တွေကြာရှည်လွန်းသလို ခံစားခဲ့ရပြီး
ယခုတော့ သူ ဘာတစ်ခုမှဆောင်ရွက်ဖို့ အချိန်
မလောက်သလိုပင်။သူ ပိုင်ထောင်ဆီသို့ လက်လွတ်စပယ်ချဉ်းကပ်ဖို့
ကြိုးစားရင်း အလဟဿကုန်ဆုံးသွားသော
နှစ်လကို ပြန်အမှတ်ရမိသည်။ သူသာ အချိန်
နောက်ပြန်သွားနိုင်မည်ဆိုလျှင် ဘယ်လိုမတူညီ
သောကိစ္စကို ဆောင်ရွက်လိမ့်မလဲဟူ၍ တွေးမိ၏။ထိုစဉ်က သူ ယခင်အတိုင်းနေဖို့တွေးကာ ပင်အန်း
ဆီမှလစ်ထွက်ဖို့ ကြံစည်ခဲ့သည်။ ယခုတော့
ထိုရွေးချယ်မှုက မှားယွင်းမှန်း သူသိလာပေပြီ။
အကြောင်းမှာ သူ အဆိပ်ခတ်ခံရပြီး
နောက်ဆက်တွဲဝေဒနာကို ခံစားရတော့မလို
ဖြစ်သောကြောင့်ပင်။တွေးကြည့်လိုက်တော့လည်း သူ ပိုင်ဝေ့အပေါ်
အကြွေးတစ်ခုတင်သွားသလိုမျိုး။ ဒီတစ်ကြိမ်မှာ
သူမက ပိုင်လီကို ကယ်တင်လိုက်ခြင်းဖြစ်သည်။
ပိုင်လီသာ သူမဆီမှလွတ်မြောက်ဖို့ မကြိုးစားခဲ့
လျှင် ထိုဆုံးဖြတ်ချက်ကိုချမိမှာ မဟုတ်ပေ။သူ့လက်ရှိအနေအထားနှင့် ပင်ကျန်းဆီ
သွားပါက မှားယွင်းလိမ့်မည်။ သူအနားယူပြီး အတွေးများကို ပြန်လည်စုစည်းဖို့လိုအပ်၏။
သူ့သဘောတူညီချက်ကို အဘိုးသိအောင် ပြသရမည်။ အဆိပ်ခတ်ခြင်းနောက်ကွယ်မှာ ပိုင်လီမရှိကြောင်း သက်သေပြနိုင်လျှင် ပိုကောင်းသည်။ကျောင်းပြောင်းတာက သူ့နာမည်ကို အပြီးသတ်
ရှင်းလင်းနိုင်မှာမဟုတ်ဘဲ သံသယကို ဖယ်ရှားရုံ
လောက်သာ။ အုပ်စုဖွဲ့ကာ အပေးအယူလုပ်သည်
ဟု အထင်ခံရနိုင်ခြေများ၏။အဘိုးကရော ပင်အန်းအဆိပ်ခတ်တယ်ဆိုပြီး
ဘယ်လောက်ထိ ယုံကြည်ချင်ပါ့မလဲ...ထိုအချက်က အမှန်တရားထက်ပင် ပိုအရေးပါနေသည်။ လူတွေမှာ သွေးသားဆက်နွှယ်မှုက
ရှုပ်ထွေးနက်နဲ၏။ အခြေအနေတစ်ခုတွင်
ရောက်နေသည့်လူက အမှန်ကိုယုံကြည်ဖို့ငြင်းဆန်
လိုက်ပြီဆိုလျှင် မည်မျှဖြေရှင်းချက်ပေးပါစေ အနေအထားက သပွတ်အူဖြစ်သွားလိမ့်မည်။
YOU ARE READING
တစ်ကိုယ်ကောင်းဆန်ဆန်ရှင်သန်ရင်း ငြိမ်းချမ်းသောဘဝသို့ || ဘာသာပြန်
Romance[ မိသားစုအရှုပ်အထွေး ] Start Date - 23.6.2021 End Date -