အပိုင်း - ၂၉ (U+Z)

2K 493 20
                                    

Unicode

ပိုင်လီက မိသားစုနှင့် စကားပြောရယ်မော
နေမိ၏။ သူ ထင်ထားတာထက်ပိုပြီး အတိုင်အဖောက်ညီနေသည်ပဲ။ ဆိုသော်လည်း
သူ့ရင်တွင်းတစ်နေရာမှာ စူးအောင့်သလို
ခံစားလိုက်ရပြီ။

ပိုင်ဝေ့လည်း ဒီမှာရှိနေသင့်တာ...

အရင်ဘဝတုန်းက ဒီအတိုင်းဖြစ်ပျက်ခဲ့ရင်
ကိစ္စတွေ ဘယ်လိုပြောင်းလဲသွားလောက်မလဲ။

ထိုအတွေးပေါ်လာသည်နှင့်တစ်ပြိုင်နက်
မေ့ဖျောက်ပစ်လိုက်၏။

မိသားစုနှင့်ပဲ ဆက်ပြီး အချိန်ကုန်နေလိုက်
သည်။ ယခုအခိုက်အတန့်က ပိုင်ဖန်အတွက်။
ပိုင်ဖန်က ဤမိသားစုထဲ တော်တော်များများ
ရင်ဆိုင်ကြုံတွေ့ရဦးမည်။ အနည်းဆုံးတော့
အစပျိုးကောင်းမွန်ဖို့ လိုသည်။

ပိုင်ဝေ့အတွက်တော့ ပိုင်လီ ဘာလုပ်ရမှန်းမသိ။
သူမက လိမ်ပြောတတ်နေပြီ။ ဆိုလိုသည်မှာ
ပိုင်ဝေ့က သတိထားတတ်ခြင်းပင်။ အပြုအမူ
များ၏အကျိုးဆက်ကို ကောင်းကောင်းသိနေ
သည်အထိ။

သူမဘက်က သတိကြီးနေတာ အဆန်းမဟုတ်
တော့။

ပင်အန်းနဲ့ပိုင်ဝေ့ကို ခွဲထားလိုက်ရုံနဲ့
လုံလောက်ပါဦးမလား။

သူ ပိုင်ထောင်နှင့်ပင်ကျန်းကို ကြည့်လိုက်
သည်။

ပင်ကျန်းရဲ့အစွမ်းအစကလည်း မခေ။

ပင်အန်းကို ဒီလိုဖြစ်အောင် ပျိုးထောင်လာတာ
ပင်ကျန်းမှာရော တာဝန်မရှိဘူးလား?

ပိုင်ထောင်လည်း ဘာမှမထူး။ သားသမီး
နှစ်ယောက်ကို စွန့်ပစ်ခဲ့သူပဲ။

သူတို့ လီရှန်ကိုပဲ အခွင့်အရေးပေးသင့်လား။
အလွန်ဆုံးအနေနှင့် ပိုင်ဝေ့က အသုံးမဝင်သူ
တစ်ဦးလို ကြီးပြင်းလာလိမ့်မည်။
လူသတ်သမားဖြစ်တာထက်စာရင်
ခံသာတယ်မဟုတ်လား။

ပိုင်ထောင်နှင့်ပင်ကျန်း စကားပြောနေစဉ်
ပိုင်လီတို့ညီအစ်ကိုက ကစားဖြစ်သည်။
ပိုင်လီက ကစားတာထက် စောင့်ကြည့်တာ
ပိုများနေသည်ဟုဆိုရမည်။ ပိုင်ဖန်ဆိုသော
သူ့ညီလေးက အဆော့သန်သည်လေ။

တစ်ကိုယ်ကောင်းဆန်ဆန်ရှင်သန်ရင်း ငြိမ်းချမ်းသောဘဝသို့ || ဘာသာပြန်Wo Geschichten leben. Entdecke jetzt