အပိုင်း - ၂၀ (U+Z)

2.3K 556 37
                                    

Unicode

ပိုင်ဖန်မှာ အားတွေပြည့်နေပုံရသည်။ အရာ
အားလုံးက သူ့အတွက် စွန့်စားခန်းလိုဖြစ်နေ၏။
တိုက်ခန်းအသစ်တွင် ပရိဘောဂအစုံအလင်
မဖြည့်ရသေးသဖြင့် လွတ်လပ်နေရာ ဟိုဟိုဒီဒီ
လျှောက်ပြေးဖို့ ကွက်တိ။

သူတို့နှစ်ဦး ကစားနေရင်း အားကုန်သွားတော့မှ
ပစ်လှဲလိုက်ကြသည်။ ပိုင်ဖန်က ဆိုဖာပေါ်
ထိုင်ဖို့အားရှိသေးသည်။ ပိုင်လီကတော့ ကြမ်းပြင်
မှာသာ လှဲချလိုက်ပြီ။

"ကျွန်တော့်မေမေက ကိုကြီးကို ဘာလို့
သဘောမကျတာလဲ"

ပိုင်ဖန်က တစ်ချိန်လုံး ပြေးလွှားဆော့ထားသဖြင့်
မောနေသည်။

ပိုင်လီက ကြမ်းပြင်မှာလှဲကာ မျက်နှာကြက်ကို
ကြည့်ရင်း ဟောဟဲဆိုက်နေသည်။ ကလေးတွေက
လူကြီးထက်တောင် ပိုမြင်တတ်သေး၏။

"မင်း ဘယ်လိုထင်လဲ"

ပိုင်ဖန်က အလေးအနက်မျက်နှာနှင့်။

"ကျွန်တော်တွေးရမယ်လို့ မထင်ဘူး၊ လူတွေကို
ကိုကြီးကိုယ်တိုင် အကဲခတ်ရမှာပဲ"

ကလေးတစ်‌ယောက်အဖို့ ယခုလိုအဖြေက
လေးနက်လှ၏။

"ဆက်မတွေးနဲ့တော့၊ လူကြီးမှာပဲ စဉ်းစားစရာ
များတာ၊ ကလေးတွေက ကြီးပြင်းလာရင် ပြီးပြီ"

"ဒါဆို ကိုကြီးကရော ကျွန်တော့်ကို သဘောကျ
တာလား...မကျတာလား"

ပိုင်ဖန်က အဖြေတစ်ခုမရမချင်း လက်လျှော့ဖို့
ဆန္ဒမရှိ။

ပိုင်လီ ဘယ်လိုဖြေရင် ကောင်းမလဲဆိုတာ
စဉ်းစားနေသည်။ ပိုင်ဖန်နှင့်ပတ်သက်လျှင်
သူ့ခံစားချက်များက ရှုပ်ထွေးသလို တစ်ချိန်
တည်းမှာပဲ ရိုးရှင်းနေပြန်၏။ သူတို့နှစ်ဦးက
စီးပွားပြိုင်ဖက်များထက်ပို၍ ပြောဆိုဆက်သွယ်ခြင်းမရှိခဲ့။

"ငါ မင်းအကြောင်း မသိဘူး"

ပိုင်ဖန်က ဆိုဖာအစွန်းကိုဆုပ်ထားရင်း အသံ
တိုးတိုးနှင့် မသဲမကွဲပြောသည်။

"ကိုကြီး ကျွန်တော့်ကို သဘောမကျဘူးလို့
ထင်တယ်"

ပိုင်လီ ပြုံးမိသည်။ အလိုလိုသိတတ်စွာ၊
အတန်ငယ် နားလည်ရန်ခက်ခဲစွာ။

တစ်ကိုယ်ကောင်းဆန်ဆန်ရှင်သန်ရင်း ငြိမ်းချမ်းသောဘဝသို့ || ဘာသာပြန်Donde viven las historias. Descúbrelo ahora