အပိုင်း - ၁၃ (U+Z)

2.3K 584 29
                                    

Unicode

ပိုင်လီ စိတ်ပြောင်းသွားသည်။ ရေကန်ကို
မျက်နှာမူပြီး ထိုအမျိုးသားနှင့် ဦးတည်ရာ
တူရမည့်အစား ရေကန်ကိုနောက်ကျောပေးထိုင်လိုက်လေ၏။

နှစ်ဦးလုံး နှုတ်ဆိတ်နေကာ ပိုင်လီက ဘေးမှ
လူကိုလျစ်လျူရှုထားဖို့ အတတ်နိုင်ဆုံးကြိုးစား‌
နေသည်။ သူ ဘာကြောင့်ထိုင်မိမှန်း မသိ။ သူ
ဆက်လျှောက်သွားလျှင် တစ်ဖက်လူက တစ်ခုခု
မူမမှန်ဟုတွေးလိုက်မှာကို သူစိုးရိမ်တာမျိုးလည်း မဟုတ်။

ဆက်လျှောက်သွားခဲ့ရင် အကောင်းသားဟူ၍
မတွေးဘဲမနေနိုင်တော့။

ဒီလူက သာမန်မဟုတ်ပေ။ ပိုင်လီ ထိုသူ့အနား
ကြာရှည်နေလေလေ၊ ထိုအချက်ကို ခံစားမိလေ
လေ။ ထိုအမျိုးသား၏အရှိန်အဝါက သူ့အဘိုးနှင့်
ဆင်သည့်အပြင် သူကြုံဖူးသောလူဟောင်းများ
ထက်ပင် အန္တရာယ်များသေးသည်။

သူ ဒီလူကို သိသင့်တယ်...

အရင်ဘဝမှာ သူ ထိုအမျိုးသားနှင့် ဆုံခဲ့ဖူးတာ
ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒီလိုလူမျိုးက
မကျော်ကြားစရာအကြောင်းမရှိ။

ပိုင်လီ စိတ်ထဲမှာ သိသမျှလူအားလုံးကို
ခြုံစဉ်းစားနေသည်။ ဤတစ်ယောက်နှင့်ကွက်တိ
ကျမည့်လူ ပေါ်မလာခဲ့။ သူက ထိုအမျိုးသား၏
မျက်နှာကိုမမြင်ရသဖြင့် သူ့အသိဟုတ်၊မဟုတ် အတပ်မပြောနိုင်။

ထိုအမျိုးသား၏အသံကို သူမရင်းနှီးသော်လည်း ၎င်းက သိပ်အရေးကြီးသည့်အချက်မဟုတ်။
နှစ်တွေကြာလာသည်နှင့်အမျှ ပိုင်လီ၏အသံပင်
ပြောင်းလဲခဲ့သည်လေ။ နောင် ဆယ်နှစ်အကြာတွင်
ထိုသူ့အသံက လုံးဝပြောင်းလဲသွားတာမျိုး
ဖြစ်နိုင်သည်။

သူ ဒီလူရဲ့မျက်နှာကို တစ်ချက်လောက်
ခိုးကြည့်သင့်လား...

မဖြစ်၊ ထိုစိတ်ကူးက သူ့ကို စမတ်မကျစေပါ။

ပိုင်လီ သက်ပြင်းချမိလုဆဲဆဲ၊ အမြန်ထိန်းလိုက်
ရ၏။ သူက အပန်းဖြေဖို့ ဤနေရာမှာရောက်နေ
ခြင်းဖြစ်သည်။ စိတ်ဖိစီးစရာအကြောင်းတွေ
ထပ်မရှိသင့်တော့။

"ရေကန်မြင်ကွင်းက ပိုကောင်းတယ်"

ထိုအမျိုးသား၏အသံက တိုးတိမ်အက်ကွဲစွာ။

တစ်ကိုယ်ကောင်းဆန်ဆန်ရှင်သန်ရင်း ငြိမ်းချမ်းသောဘဝသို့ || ဘာသာပြန်Where stories live. Discover now