အပိုင်း - ၁၉ (U+Z)

2.2K 552 33
                                    

Unicode

သူတို့ ဓာတ်လှေကားစီးရင်း နှုတ်ဆိတ်နေမိသည်။

ပင်မအိမ်မှ သူ့ပစ္စည်းပစ္စယများကို သယ်ဆောင်
လာရမည်။ ထိုသို့မဟုတ်လျှင် သူ အကုန်လုံး
ထပ်မံဝယ်ယူနေရမှာပင်။

ကြီးကြီးမားမားဆုံးရှုံးမှုတော့ မဖြစ်။ ပိုင်လီက
အထွားမြန်သည့်အပြင် ပိုင်ဆိုင်သည့်ပစ္စည်း
အများစုကို အမှတ်သညာမရှိ။ ထိုအိမ်သို့
ဘယ်သောအခါမှ ခြေချဖြစ်မှာမဟုတ်ကြောင်း
တွေးလိုက်သည်နှင့် စိတ်ပျက်မှု၊ ဆုံးရှုံးမှုဟူသည့်
ခံစားချက်တို့ကြောင့် စူးခနဲနာကျင်သွားရသည်။

ထိုအိမ်တွင် နေထိုင်ခဲ့စဉ်က သူ့ဘဝအခြေအနေ
မည်သို့ရှိပါစေ၊ အမှတ်တရအများစုတည်ရှိသည့်
နေရာဖြစ်သည်ပင်။ မှတ်ဉာဏ်အားလုံး ဆိုးရွား
နေတာမဟုတ်။ ခက်ခဲပင်ပန်းသောအချိန်က
အခိုက်အတန့်ကောင်းမှပျော်ရွှင်မှုများကို
လွင့်ပြယ်သွားစေခဲ့ရုံသာ။

တင်ခနဲမြည်သံနှင့်အတူ တံခါးများပွင့်သွား၏။
ပိုင်လီ သက်ပြင်းတစ်ချက်ရှိုက်လိုက်ကာ
ကိုယ့်ကိုယ်ကိုယ်တည်ငြိမ်အောင် ကြိုးစားမိ
သည်။

သူ ပိုင်ထောင်အနောက်မှ ခြေတစ်လှမ်းအကွာတွင်
ရှိနေရင်း သူ့အဖေကို ဦးဆောင်စေသည်။ ပတ်ပတ်လည်အနေအထား အသေးစိတ်ကို သူ
ဂရုမပြုနိုင်။ သူ့အာရုံတစ်ခုလုံးက ရှေ့မှတံခါးထံ
စူးစိုက်နေလျက်။

"စိတ်လှုပ်ရှားဖို့မလိုဘူး"

ပိုင်ထောင်က သူ့ကို နှစ်သိမ့်သည်။

ပိုင်လီ စိတ်မလှုပ်ရှား။ တွေ့ဆုံမှု၏အကျိုးကို စိတ်ဝင်စားသော်လည်း ရလဒ်က သူ့အတွက်
အရေးမပါ။

သူ့အဖေကသာ စိတ်လှုပ်ရှားရမည့်လူဖြစ်သည်။
ယခုလိုအခါမျိုးတွင် အကျင့်စရိုက်က သိသာထင်ရှားလာသည်မဟုတ်လား။

လီရှန်ကြိုပြင်ဆင်လို့ရအောင် ပိုင်ထောင်က
ဦးစွာအသိပေးပြီးလောက်သည်။ ပိုင်လီ
ခပ်တန်းတန်းကြိုဆိုခံရမလား၊ ဒါမှမဟုတ်
သက်တောင့်သက်သာဖြစ်လိမ့်မလား။

ပိုင်ထောင်က စိုးရိမ်ပုံမပေါ်။ လီရှန်နှင့်ပတ်သက်
လာလျှင် သူ့အဖေ၏ယုံကြည်ချက်မှာ ယိမ်းယိုင်မှု
မရှိ။ ပိုင်ထောင်က လက်ဗွေရာသုံးကာ တံခါးဖွင့်ဖို့
ပြင်ပြီးမှ ရုတ်တရက်ဆိုသလိုပဲ ရပ်တန့်သွားရသည်။

တစ်ကိုယ်ကောင်းဆန်ဆန်ရှင်သန်ရင်း ငြိမ်းချမ်းသောဘဝသို့ || ဘာသာပြန်Opowieści tętniące życiem. Odkryj je teraz