အပိုင်း - ၂၁ (U+Z)

2.3K 535 14
                                    

Unicode

ပိုင်ဖန်မှာ အလေးအနက်ဆွေးနွေးစရာကိစ္စများ
မရှိတော့ပုံပေါ်သည်။ ထိုသို့ဆိုလျှင် ပိုင်လီကတော့
အဆင်ပြေသည်ပင်။ သူ့ညီ ခက်ခဲ‌သောမေးခွန်း
များကို ဆက်မေးပါက သူဘာလုပ်ရမှန်း သိမှာမဟုတ်ပေ။

သက်တောင့်သက်သာရှိသော၊ အချစ်တွေဝေ‌ဆာ
နေသောအိမ်တွင် ပိုင်ဖန်က ကြီးပြင်းလာခြင်းဖြစ်သည်။ ထို့သို့မဟုတ်လျှင် ယခုလိုစရိုက်မျိုး
ရှိနေမှာမဟုတ်။ သူ့အနားပတ်ပတ်လည်တွင် သို့မဟုတ် သူ့ညီအစ်ကိုမောင်နှမများထဲတွင်
အရွယ်ရောက်ပြီးသော လူရည်မွန်တစ်ဦးမှ
မရှိကြောင်း ပိုင်လီ သတိပြုမိသည်။

ကြမ်းပြင်မှာလှဲနေရင်း မသက်မသာခံစားလာရ
သဖြင့် သူတို့နှစ်ဦး ဆိုဖာပေါ် ပြောင်းထိုင်လိုက်ကြသည်။ ပိုင်ဖန်က စကားများလွန်းကာ ပြောစရာ
မကုန်နိုင်။ အားကစားချိန်က အဖြစ်အပျက်
တစ်ခုကို ဒရမ်မာလို ပြန်ပြောပြနေသည်။
အတန်းဖော်တစ်ဦး နှာခေါင်းသွေးလျှံသည့်
အဖြစ်နှင့် အဆုံးသတ်သွားကြောင်း။

ပိုင်ဖန်၏ပြောပြဟန်ကြောင့် ထိုအဖြစ်အပျက်မှာ
နာမည်ကြီးရုပ်ရှင်ထက်ပင် ပိုမိုက်နေသယောင်။

ဇာတ်ကြောင်းကို ဘာမှထပ်မံဖြည့်စွက်စရာမလို၊
ထည့်သွင်းရလောက်မည့်ဇာတ်လမ်းလည်း မရှိ။

ထိုသို့ပြောနေရင်းမှာပင် ပိုင်ထောင်က သူတို့
နှစ်ဦးကိုရှာဖို့ အခန်းထဲသို့ ဝင်လာပေပြီ။

ပိုင်လီ ညီဖြစ်သူကို လီရှန်ဆီပို့ဖို့ တွန့်ဆုတ်သလို
ခံစားရသည်။ သူ ပိုင်ဖန်၏အမေနှင့်ပတ်သက်
လျှင် အ‌တွေ့အကြုံကောင်းကောင်းမရှိ။ ပိုင်ဖန်က အလွန်အကျွံသိတတ်သဖြင့် ဘာတွေဖြစ်ပျက်နေသလဲ နားလည်သွားမှာကို သူ,မလိုချင်။

ပိုင်ထောင်နှင့်လီရှန်က သားဖြစ်သူပိုင်ဖန်ရှေ့မှာ
အငြင်းမပွားလို့သာ တော်သေးသည်။

"ပြဿနာမရှိပါဘူး"

ပိုင်ထောင်က သားအကြီးဆုံး၏တွန့်ဆုတ်မှုကို
ရိပ်မိသည်။

"ညစာစားရတော့မယ်၊ အပေါ်ထပ်ကို ပြန်ဖို့
အချိန်တန်ပြီ"

ပိုင်ထောင်က စကားပြောရင်း လေသံကို ညင်သာ
နေစေသည်။ သားနှစ်ယောက်လုံးကို အတူယှဉ်တွဲ
တွေ့ရသည့်ခံစားချက်မှာ ဖော်ပြ၍ပင် မရနိုင်။

တစ်ကိုယ်ကောင်းဆန်ဆန်ရှင်သန်ရင်း ငြိမ်းချမ်းသောဘဝသို့ || ဘာသာပြန်Donde viven las historias. Descúbrelo ahora