Unicode
ပိုင်လီ delivery သမားဆီသို့လျှောက်သွားရင်း
မရယ်မိအောင် မနည်းထိန်းထားရသဖြင့်
ကလိကလိဖြစ်နေသည်။ သက်တော်စောင့်က
ဘယ်လိုလုပ် အချိန်ပိုင်း delivery သမားပုံစံ
ပြင်ဆင်ထားတာပါလိမ့်။ထိုသူက ဆေးရုံတွင် နော့စ်ကိုစောင့်ကြပ်ခဲ့သော
လူများထဲမှတစ်ဦးဖြစ်သည်။ အကယ်၍
ကိစ္စများသာ ယခုအတိုင်း ဆက်သွားနေမည်
ဆိုလျှင် ပိုင်လီ ဝမ်းဗိုက်ပြဿနာပေါ်ပေါက်လာမှာ
ကိုပင် စိုးရိမ်ရသည်။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး
စိတ်ဖိစီးမှုမရှိအောင် နေထိုင်တတ်သည့်
အခြေအနေသို့ ပြန်သွားဖို့ လိုနေပြီ။ပိုင်လီ အနားသို့တိုးလာလေလေ၊ ထိုလူက ပိုမို
စိတ်လှုပ်ရှားလေလေဖြစ်ကာ ရင်ဘတ်ကို
လက်နှင့်ပွတ်သပ်ရင်း စိတ်လျှော့နေသည်။"မစ္စတာပိုင်လားခင်ဗျာ၊ LP ကွန်ပျူတာဆိုင်မှာ
ဒေါ်လာနှစ်ထောင်အထက် ဝယ်ယူအားပေးခဲ့တဲ့အတွက် ဆုလက်ဆောင်လာပေးတာပါ"စိတ်ကိုစမ်းသပ်တဲ့ဂိမ်းပဲလား၊ ဒါမှမဟုတ်
နော့စ်ရဲ့ ဗြောင်ကျတဲ့နည်းလမ်းလား။ပြောဖို့ခက်သည်။ ပိုင်လီ ဆက်စောင့်ကြည့်ရဦး
မည်။ သူ နော့စ်ဒေးဂတ်စ်နှင့် ကတောက်ကဆ
မဖြစ်လိုပေ။ ထိုသို့ပြုရလောက်အောင် ပိုင်လီမှာ
သင့်တော်သည့်နောက်ခံမရှိ။"ကျွန်တော် ဟုတ်ပါတယ်"
ပိုင်လီ လုံခြုံရေးကောင်တာကိုကြည့်လိုက်ရာ
ထိုနေရာမှအစောင့်က စူးစိုက်ကြည့်နေကြောင်း
တွေ့လိုက်ရသည်။ ဤသတင်းက သူ့အဖေဆီသို့
ရောက်သွားမှာ မလွဲမသွေ။ ငွေယူပြီး ပိုင်လီကို
စောင့်ကြည့်နေသည့် ဤအဆောက်အဦးအတွင်းမှ
လူများဆိုလျှင် ပြောနေစရာပင် မလို။ခြင်းထဲရှိပစ္စည်းများကိုကြည့်ရင်း ပိုင်လီ ပိုလို့
သံသယဝင်သွားရသည်။ ပုံမှန်လက်ဆောင်နှင့်
တူနေသောကြောင့်ပင်။ စည်သွပ်ဘူးအစားအစာ
များနှင့် စပါကလင်ဝိုင်တစ်ပုလင်းပါနေသည်။
သာမန်နှင့်တူလေလေ၊ သူ့နှလုံးခုန်သံ ပိုမိုမြန်ဆန်လေလေ။ပိုင်လီ ခြင်းကိုယူလိုက်၏။
"ပို့ပေးတဲ့သူကို ကျွန်တော့်ကိုယ်စားပြောပေးပါ၊ လက်ဆောင်ကို သဘောကျတယ်လို့"
ESTÁS LEYENDO
တစ်ကိုယ်ကောင်းဆန်ဆန်ရှင်သန်ရင်း ငြိမ်းချမ်းသောဘဝသို့ || ဘာသာပြန်
Romance[ မိသားစုအရှုပ်အထွေး ] Start Date - 23.6.2021 End Date -