အပိုင်း - ၂၄ (U+Z)

2.2K 543 49
                                    

Unicode

လီရှန်က ပြဿနာမဟုတ်။ သူမ၏နောက်တွင်
ကြိုးကိုင်ခြယ်လှယ်နေသူများကသာ ပြဿနာ
ဖြစ်သည်။ ပိုင်ထောင်တွင် နောက်ထပ်မိသားစု
ရှိနေကြောင်း ပင်အန်းကို သတင်းပေးသည့်လူများ
ဟုတ်၊မဟုတ်ဆိုတာတော့ ကောက်ချက်ချလို့မရ။

လီရှန်က သတိလက်လွတ်နိုင်သည်။ သူမဘက်မှ
သတင်းများ ယိုစိမ့်သွားခြင်းဖြစ်မည်။ အ‌မေ
ဖြစ်သူအကြောင်း ကြားရချိန်မှာ လီရှန်၏ပုံစံက
ကြောက်သင့်သလောက် ကြောက်မနေ။

ပိုင်လီ ကိုယ့်နဖူးကိုယ် ပွတ်လိုက်မိသည်။ ယနေ့က
သူ ထင်ထားသလိုမျိုး အဆင်ပြေပြေပြီးဆုံးသွားခြင်းမရှိ။ သူ့ပတ်ပတ်လည်မှလူအားလုံး ကြားနေလူတန်းစားဖြစ်နေလျှင် လုံလောက်ပြီ။ သူ့လမ်းကို
မနှောင့်ယှက်ပါစေနှင့်ဟု မျှော်လင့်လျှင် လွန်သွား
မလား။ အကူအညီပေးစရာမလို၊ ကဖျက်ကယက်
မလုပ်ရုံဆို တော်သေးပြီ။

ပိုင်လီ စားပွဲဆီသို့လျှောက်သွားကာ၊
သူစောင့်ကြည့်မည့်လူများစာရင်းကို ကောက်ကိုင်
လိုက်သည်။ သူ့ဘက်မှာရှိနေပေးမည့် အသုံးဝင်သူ
များကို စုဆောင်းဖို့ အချိန်ကျပြီ။ လူသစ်ရှာဖို့
ကိစ္စနှင့်ပတ်သက်ပြီး သူ အတော်ကြာအောင်
ခက်ခက်ခဲခဲစဉ်းစားလိုက်ရသည်။ နောင်တစ်ချိန်
သူ့အတွက် အသုံးဝင်လာမည့်လူများက ယခု
လောလောဆယ် ငယ်ရွယ်လွန်းနေသည့်အပြင်
စွမ်းရည်မပြည့်မီ။

သူ မှတ်မိသလောက် အရည်အချင်းအားလုံးအသုံးပြုပြီး ထိုစာရင်းကို အကြမ်းဖျင်းပြုစုထားခြင်း။ တချို့လူတွေက သူ့ပြိုင်ဘက်များဘက်မှ
ဖြစ်ကာ သူကိုယ်တိုင် လေ့ကျင့်ပုံသွင်းပေးရမည့်
အရံစာရင်းကိုလည်း ချန်ထားသည်။ အပြည့်အဝ
သစ္စာခံဖို့ မကျိန်းသေသည့်တစ်စုံတစ်ဦးနှင့်
လက်တွဲရချိန်မှာ ထိုစာရင်းက အကျိုးရှိလိမ့်မည်။

တိုဘိုင်းယက်စ် ကာပင်တာ။ ပိုင်လီ ဘေးမှာ
ထားချင်သည့်လူများထဲမှ ပထမဆုံးတစ်ယောက်။
ပိုင်လီ မူလက ထင်ထားသလိုမဟုတ်ဘဲ လွတ်လပ်ခွင့်ပိုနည်းပါးလောက်သည်။ သူ
မလှုပ်ရှားနိုင်သောအချိန်တွင် သူ့ကိုယ်စား
ကိစ္စများစီမံဆောင်‌ရွက်ပေးဖို့ လူတစ်ယောက်
လိုအပ်နေပြီ။

တစ်ကိုယ်ကောင်းဆန်ဆန်ရှင်သန်ရင်း ငြိမ်းချမ်းသောဘဝသို့ || ဘာသာပြန်Onde histórias criam vida. Descubra agora