အပိုင်း - ၈ (U+Z)

2.4K 548 21
                                    

Unicode

ပိုင်လီ အဖေ့ကိုကြည့်လိုက်သည်။ ပိုင်ထောင်က
ယူကြုံးမရသည့်ပုံစံပေါက်နေ၏။ ဘဝမှာ
ပထမဆုံးအနေနှင့် ပိုင်လီ အဖေ့အတွက် မဆိုစလောက် စိတ်မကောင်းဖြစ်မိသွားသည်။

ပင်အန်းက ပိုင်‌ထောင်၏တစ်ဘဝလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် မွှေခဲ့ကာ ကိစ္စများ
ကြီးကြီးမားမားကြံစည်ခဲ့သော်ငြား ပိုင်ထောင်ကို
သိပ်ဂရုစိုက်တာမဟုတ်။

အမေက ‌အဖေ့ကိုချစ်တယ်လို့ ဆိုတယ်၊
ပြီးတော့ ဘယ်လိုလုပ်ရပ်တွေ ကြံစည်ခဲ့သလဲ...

အစကတည်းက ပိုင်လီ သိနားလည်ပြီးဖြစ်သည်။
ခြယ်လှယ်တတ်သော၊ ရင့်သီးသော၊ ရူးသွပ်သော
ပင်အန်း၏မတည်ငြိမ်မှုက ပိုင်ထောင်အတွက်
မဆန်းတော့ပေ။

"မင်း အတပ်ပြောနိုင်လား"

ပိုင်ထောင်က လက်ချောင်းများကိုစိုက်ကြည့်ရင်း မေးသည်။

"အဖေ့မှာ နောက်ထပ်ကလေးရှိတယ်လား.."

"ကျွန်တော် သေချာပြောနေတာ၊ ကျွန်တော်
အဲဒီကလေးမလေးကိုစောင့်ကြည့်နေတာ
အချိန်တစ်ခုကြာပြီ၊ ကျွန်တော် ပထမဆုံး
ရှာတွေ့ခဲ့တဲ့သဲလွန်စက..အဖေ ရို့ဂျုန်းစ်ကို
နိုင်ငံခြားပို့လိုက်တဲ့မှတ်တမ်း၊ Cookie Crumbs website ကနေတစ်ဆင့် ကျွန်တော်စုံစမ်းတော့..
ကလေးမလေးကိုချီထားတဲ့အဖေ့ဓာတ်ပုံတစ်ပုံ ‌
တွေ့ခဲ့တယ်၊ ဓာတ်ပုံက သိပ်မကြာသေးဘူး၊ သွေးစစ်ချက်မှတ်တမ်းရှိနေတာလည်း မဆန်းပါဘူး..ကျွန်တော်က အတည်ပြုချင်ရုံသက်သက်ပဲ၊ သက်သေအထောက်အထားမလိုအပ်တာမို့
အကုန်ဖျက်ဆီးလိုက်ပါတယ်"

ပိုင်လီ အဖေ့ကို ဂရုတစိုက်ကြည့်နေသည်။

"Fuck"
ပိုင်ထောင်က စားပွဲပေါ်ရှိပစ္စည်းအားလုံးကို ‌ကြမ်းပြင်ပေါ်သို့ ဆွဲချပစ်ပေါက်‌တော့သည်။

"စိတ်မနှံ့တဲ့မိန်းမ"

စာအုပ်တစ်အုပ်က ပိုင်လီမျက်နှာနားမှ ပွတ်ကာသီကာဖြတ်သွားသဖြင့် ဘေးသို့ရှောင်ရင်း
အဖေဖြစ်သူ၏ပေါက်ကွဲမှုကို ဒီအတိုင်းပဲ
ကြည့်နေလိုက်သည်။

တစ်ကိုယ်ကောင်းဆန်ဆန်ရှင်သန်ရင်း ငြိမ်းချမ်းသောဘဝသို့ || ဘာသာပြန်Where stories live. Discover now