အပိုင်း - ၇ (U+Z)

2.4K 567 36
                                    

Unicode

"မင်းအမေပြောတာတစ်ခုမှ မမှန်မှန်း
မင်းနားလည်ဖို့ အဖေမျှော်လင့်တယ်"

ပိုင်ထောင်က အဆုံးမှာ တည်ငြိမ်သွားကာ
အရယ်ရပ်လိုက်သည်။ ပိုင်လီကိုကြည့်နေစဉ်
အဖေ့မျက်လုံးများက တောက်ပလျက်။

အတိတ်ဘဝတုန်းက ပိုင်လီ အမေ့ကိုသာ အားကိုး
ပြီး အဖေ့ကို ရှောင်ဖယ်ခဲ့သည်။ အဖေက သူ့ကို
ဂရုမစိုက်ဟု သူတွေးရင်း တစ်ဘဝလုံးကုန်ဆုံးခဲ့လေ၏။ ယခုဘဝမှာတော့ သူ အမေ့ကို
ရှောင်ကြဉ်ကာ အစမ်းသဘောအနေဖြင့်
အဖေနှင့်မဟာမိတ်ဖွဲ့ကြည့်ရန် ကြံစည်နေသည်။
သူ အပြိုင်စကြဝဠာအတွင်းသို့ ကူးပြောင်း
မွေးဖွားလာသလားဟု သံသယဖြစ်မိသည်မှာ
တစ်ကြိမ်ပင် မကတော့။

"ကျွန်တော် သိတယ်"

အမေက သူ့ကိုစိတ်ပျက်နှင့်ပြီမို့ သူလက်ခံတဲ့အခါ
ပိုလွယ်လာတာလား?

ထိုသို့မဟုတ်လျှင် သူ အရင်ဘဝကတည်းက
ဒီလိုဆက်ဆံရေးမျိုးကို တောင့်တခဲ့သောကြောင့်
ဖြစ်မည်။ သူလိုချင်ခဲ့သမျှအရာအားလုံးက
ငွေပြင်ပေါ်ရှိနေချိန်မှာ သူ့နှလုံးသားထဲ
ဘယ်လိုလုပ် မျှော်လင့်ချက်တွေမထားဘဲ
နေနိုင်ပါ့မလဲ...

ကုလားထိုင်လက်ရန်းပေါ်က မညီမညာသော
အဖုများကို ပိုင်လီ လက်ဖြင့်‌ တောက်နေမိသည်။

"အဘိုးက ဘာပြောလဲ"

"ပိုင်ဝေ့ကို အတူလာနေခိုင်းဖို့ သဘောတူလိုက်
တယ်၊ အဖေတို့ အပြီးသတ်ကွာရှင်းတဲ့အချိန်ထိပဲ
လို့ ပြောလိုက်တော့ မင်းအဘိုးက မင်းဘယ်မှာ
နေမလဲဆိုတာ သိချင်နေတယ်"

ပိုင်ထောင်က လက်ပိုက်ကာ ကုလားထိုင်တွင်
ကျောမှီလိုက်၏။

"သူငယ်ချင်းတစ်ယောက်ရဲ့အကြံပေးချက်အရ
အဖေ မင်းကို ဘော်ဒါဆီပို့မယ်လို့ ပြောလိုက်
တယ်၊ မင်းက မနာခံချင်တဲ့စိတ်ကြောင့်
တမင်တကာ ကျောင်းစာကို ဂရုတစိုက်မလုပ်ဘူး
လို့ အဖေဇာတ်လမ်းအသစ်ထွင်လိုက်တာ၊ အပေါင်းအသင်းနဲ့ ပတ်ဝန်းကျင်ပြောင်းလဲသွား
ရင် မင်းပိုကြိုးစားနိုင်မယ်လို့ အဖေမျှော်လင့်ကြောင်းပေါ့"

တစ်ကိုယ်ကောင်းဆန်ဆန်ရှင်သန်ရင်း ငြိမ်းချမ်းသောဘဝသို့ || ဘာသာပြန်Donde viven las historias. Descúbrelo ahora