ကောင်းဇာမဏီဆိုတဲ့သူ့ကို
မိသားစုတွေကရောသူငယ်ချင်းတွေကရော ကောင်းကောင်းလို့ပဲခေါ်ကြတယ်။ကောင်းကောင်းလေး အသက်လေးနှစ်အရွယ်မှာ မူကြိုစတက်ရတယ်လေ။ ကောင်းကောင်းတို့မြို့ရဲ့ နာမည်အကြီးဆုံး မူကြိုကျောင်းပေါ့။
ကောင်းကောင်းဖေဖေက နွားခြံလေးတစ်ခုပဲပိုင်ပေမယ့် ကောင်းကောင်းကိုတော့ အကောင်းဆုံးပညာရေး၊ ပြီးပြည့်စုံတဲ့ ဘဝကိုပေးချင်ပုံရတယ်။
မူကြိုကို မေမေကလိုက်ပို့တော့
ကောင်းကောင်းစိတ်တွေ အရမ်းလှုပ်ရှားနေတယ်။ အဲ့ဒီမှာက အထက်တန်းလွှာမိသားစုကကလေးတွေပဲရှိတာ။ကောင်းကောင်းက သိမ်ငယ်စိတ်တော့မခံစားရပေါင်။
ဒါပေမယ့်မူကြိုကိုရောက်ရောက်ချင်းမှာ
ပဲကောင်းကောင်းဘဝမှာစိတ်ဝင်စားစရာအကောင်းဆုံးလူတစ်ယောက်ကိုတွေ့ခဲ့ရတယ်။သူ့နားသွားသွားပြီး သူ့အာရုံစိုက်မှုကိုအရယူနေရတာနဲ့ဘဲ ကျန်တာတွေအဖက်လုပ်ဖို့တောင်အချိန်မရှိတော့ဘူး။
နောက်ဆုံးတော့ သူနဲ့သူငယ်ချင်းဖြစ်ခွင့်ရခဲ့တယ်လေ။
လင်းအဏ္ဏဝါ။
ကောင်းကောင်းဘဝရဲ့အရေးပါဆုံးလူသားလေး။
မူကြိုခန်းရဲ့ ထောင့်လေးမှာ ခပ်တည်တည်နဲ့ထိုင်နေတတ်တဲ့ကောင်လေးက ပထမဆုံးတွေ့တဲ့အချိန်မှာတင် ကောင်းကောင်းရဲ့ စိတ်ဝင်စားမှုကိုအရယူခဲ့တယ်။
အထီးကျန်ဆန်တဲ့ပုံလေးနဲ့ ဘယ်သူ့ကိုမှအဖက်လုပ်ပြီးစကားမပြောတတ်တဲ့ကလေးလေးက ကောင်းကောင်းနဲ့ဆော့ပေးတယ်။ ကောင်းကောင်းနဲ့အတူတူအိပ်ပေးတယ်။ အတူစားပေးတယ်။ သူ့ရဲ့အပြုံးတွေကိုလည်း တစ်ခါတစ်လေပေးတယ်။
အချိန်ကြာတွေ လာတာနဲ့အမျှ ကောင်းကောင်းသတိမထားလိုက်မိတဲ့အချိန်အလေးအတွင်းမှာပဲ သူ့ကိုချစ်မိနေပြီတဲ့။
ဒါပေမယ့်ဘယ်လိုလုပ်မလဲ....
ငါးရာနှစ်ဆယ့်ရှစ်နဲ့စတဲ့ချစ်ခြင်းက ထောင့်ငါးရာမှာအဆုံးသတ်နိုင်ပါ့မလား။
YOU ARE READING
လက်ထပ်ကြစို့သူငယ်ချင်း
Short Story"မင်းငါ့ကိုလက်ထပ်မယ်လို့ကတိပေးခဲ့တယ်လေ" "ဟုတ်တယ်လေ။ ငါမမေ့ပါဘူး" ".........."