ငါမမူးဘူး
လင်းအဏ္ဏဝါက နေ့လည်စာကိုအရင်စားပြီးသွားသည်။ပြီးတော့ ကောင်းကောင်းစားသောက်နေတာကို စိတ်ရှည်လက်ရှည်ထိုင်ကြည့်နေလေရဲ့။
"ငါစားလို့ပြီးပြီး..သွားကြမယ်"
ကောင်းကောင်းလည်းပြောပြီးရော သူက ကောင်းကောင်းကိုတောင်မစောင့်ဘဲ ရှေ့ကနေထွက်သွားတယ်လေ။
သူသွားနေတဲ့နေရာက ပင်လယ်စာစျေးဘက်
မဟုတ်ဘူး။"လင်းပိစိ..မင်းဘယ်သွားနေတာလဲ"
"ဘီယာတွေရှိတဲ့နေရာ"
"ဘီ..ဘီယာ!!!"
ကောင်းကောင်းလေးပါးစပ်အဟောင်းသားဖြစ်သွားသည်။
"လင်း..ငါတို့ကအယ်လ်ကိုဟောနဲ့ပတ်သတ်ပြီး တစ်ခါမှမမြည်းစမ်းဖူးဘူးလေ"
"အင်း..အခုမြည်းစမ်းမလို့"
ကောင်းကောင်းစိတ်ရှုပ်သွားရသည်။
ဒီလင်းပိစိ....တစ်နေကုန် ကောင်းကောင်းပြော
သမျှ အင်းလိုက်နေပြီးမှ အခုဘီယာသောက်ဖို့ကို ခေါင်းမာမာနဲ့ပြုမူနေသည်။ ဘယ်လိုဖြစ်လို့ တစ်နေကုန်နီးပါး စိတ်မပါသလိုဖြစ်နေရတာလဲ။သူကပဲတုံးနေတာလား။
ဒီလင်းပိစိကိုသူနားမလည်နိုင်တော့ဘူး။
"အင်းသောက်ချင်ရင်လည်း ကြိုက်တာရွေးလေ။ ငါတို့ပင်လယ်စာကော်နာဘက်ကိုသွားရအုံးမယ်။ နောင်ကျသွားရင်မလတ်ဆတ်တာတွေပဲရလိမ့်မယ်"
သူပြောလို့မှပြီးသေး။ လင်းပိစိကမျက်စိရှေ့မှာရှိတဲ့ ဘီယာပုလင်းကြီးကိုဆွဲချလာသည်။ တကယ်ပါပဲ။ ဘာပဲဖြစ်ဖြစ်ဆွဲမယ်ဆိုတဲ့ပုံစံကြီးနဲ့။
သူတို့ပိုက်ဆံရှင်းရင်တော့ပြသနာပဲလို့တွေးမိတယ်။ တကယ်တော့ သူတို့ကဘီယာသောက်လို့ရလောက်တဲ့အထိ အသက်မပြည့်သေးဘူး။
YOU ARE READING
လက်ထပ်ကြစို့သူငယ်ချင်း
Short Story"မင်းငါ့ကိုလက်ထပ်မယ်လို့ကတိပေးခဲ့တယ်လေ" "ဟုတ်တယ်လေ။ ငါမမေ့ပါဘူး" ".........."