22

485 60 8
                                    

မွေးနေ့ကို Zoom နဲ့ကျင်းပသတဲ့

နိုဝင်ဘာလမှာ ကျရောက်လာတဲ့
လင်းအဏ္ဏဝါရဲ့ တစ်ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့။
ကောင်းဇာမဏီကတော့မွေးနေ့ပွဲကျင်းပဖို့
အစီအစဥ်တွေရေးဆွဲပြီး လေထဲတိုက်အိမ်ဆောက်ထားသည်။ နောက်ဆုံးမှာတော့
စင်ကာပူရောက်ရှိနေတဲ့ လင်းအဏ္ဏဝါက
ပြန်မလာဖြစ်ပေ။

ကောင်းကောင်းရုတ်တရက်စိတ်ကောက်သွား
သည်။

"ဖိုးဏီ..စိတ်မကောက်ပါနဲ့"

"ငါစိတ်မကောက်ပါဘူး"

"ဒါပေမယ့် မင်းငါ့ဖုန်းတွေကိုဘာလို့မကိုင်တာလဲ"

"ငါမအားလို့ပါ။ အပျိုကြီးက ငါ့ကိုအလုပ်တွေ ဘယ်လောက်တောင်ခိုင်းလိုက်လဲ။ ဇယ်ဆက်
သလိုပဲ။ ငါအားမနေဘူး"

"အော်..ဒါဆိုလည်းပြီးရော။ စိတ်မကောက်နဲ့နော်"

လင်းအဏ္ဏဝါက ရယ်လျက်ပြောသည်။

"ငါစိတ်မကောက်ပါဘူးဆို"

"ငါတို့မွေးနေ့ပွဲကို Zoom နဲ့လုပ်ကြမယ်လေ"

မွေးနေ့ပွဲကို Zoom နဲ့ကျင်းပသတဲ့။
ကောင်းဇာမဏီပထမဆုံးကြားဖူးခြင်း။ စစချင်တုန်းကတော့ စိတ်ကောက်နေတာမို့ အင်တင်တင်
လုပ်နေသေးသည်။ နောက်ဆုံးတော့လည်း
ဒီကိစ္စလေးက အထူးတစ်ဆန်းဖြစ်နေသည်ဟု
ခံစားရသည်။ ထို့ကြောင့် လက်ခံလိုက်သည်။

လင်းအဏ္ဏဝါရဲ့မွေးနေ့ရောက်တော့ ညဆယ့်နှစ်နာရီကြီး Zoom ကနေ မွေးနေ့ဆုတောင်း
ဖယောင်းတိုင်မှုတ်သည်။ Zoom အက်ပလီကေးရှင်းမှာပါတဲ့ Sticker ဦးထုတ်ချွန်လေးတွေ
ဆောင်းပြီး စကားတွေပြောကြသည်။
အထူးတဆန်းဖြစ်နေ၍ ပျော်စရာတော့
အလွန်ကောင်း၏။ နှစ်နာရီလောက်စကားပြော
ပြီးနောက် အချက်ပေးသံ တစ်ခုနှင့်အတူ
တစ်စုံတစ်ယောက်က Zoom ထဲဝင်လာ၏။

"Hello ငါဒီတိုင်းမွေးနေ့ဆုတောင်းဖို့လာတာနော်ကောင်းကောင်း။ အဟမ်း.. Happy Birthday ပါ အဏ္ဏဝါရေ။ အသက်ပြည့်ပြီးဆိုတော့
လုပ်ချင်တာတွေလုပ်လို့ရပြီ။ အချစ်စစ်နဲ့တွေ့ပါစေ။ ပြီးတော့ အချစ်စစ်နဲ့ထာဝရပေါင်းဖက်ရပါစေ။ မွေးနေ့လက်ဆောင်ကို ပြန်ရောက်မှပဲယူတော့။ ဘိုင့်ဘိုင်"

လက်ထပ်ကြစို့သူငယ်ချင်းWhere stories live. Discover now