3

777 80 1
                                    

အမှိုက်ပုံး

ပြိုင်ပွဲရဲ့ရလာဒ်ကတော့ သေချာပေါက်ကို ကောင်းဇာမဏီတို့အသင်းက အနိုင်ရတာပေါ့။
သူတို့ရဲ့နည်းပြ ဆရာချောင်က သူတို့ကို မနားမနေ ထရိန်းထားတာလေ။ နဖူးကချွေးခြေမကျအောင်လေ့ကျင့်ရေးဆင်းခဲ့ရတာဆိုတော့
အောင်မြင်မှုရဲ့အသီးအပွင့်တွေကို ခူးဆွတ်ရုံပါပဲ။

"ကွန်ဂရက်ကျူလေးရှင်း ဖိုးဏီ"

ထိုင်ခုံမှာထိုင်ပြီး အနားယူနေတဲ့
ကောင်းကောင်းဆီကို လင်းအဏ္ဏဝါက
လျှောက်လာရင်း အပြုံးတွေနဲ့ဂုဏ်ပြုပေးသည်။ တကယ်ပါ သူအောင်မြင်နေတဲ့အချိန်မှာ
အခုလိုအပြုံးတွေနဲ့ဂုဏ်ပြုပေးမယ့် တစ်စုံတစ်ယောက်ပဲလိုတာ။
ကျန်တာမလိုအပ်ဘူး။

"ကျေးဇူး...ဆုလေးဘာလေးမချချင်ဘူးလား"

"အာ..ဆုချဖို့အတွက်က အိတ်ထဲမှာကျန်ခဲ့လို့"

"ဆုကတကယ်ကြီးပါလာတာလား"

"အင်း"

ကောင်းကောင်းကစလိုက်တာပေမယ့်
လင်းအဏ္ဏဝါကတော့ အတည်ပေါက်ကြီးပြန်ဖြေသည်လေ။

ပြီးတော့တစ်ယောက်နဲ့တစ်ယောက်ကြည့်ရင်း ရယ်မိကြ၏။

တစ်ခါတစ်လေမှမြင်ရတဲ့ လင်းအဏ္ဏဝါရဲ့နှုတ်ခမ်းမှာဖြစ်တည်လာတဲ့ ရှားပါးအပြုံးလေးတွေ။ သိပ်ကိုနူးညံ့ပြီး သိပ်ကိုလတ်ဆတ်လွန်းတယ်။ လေညှင်းကသယ်ဆောင်လာတဲ့
စပယ်ပန်းနံ့လေးလို လူကိုစိတ်လက်ကြည်လင်လာစေတယ်။

ကောင်းကောင်းက အပြုံးတွေကို နှစ်ဆတိုးလိုက်ရင်း ကိုယ်ကိုအနည်းငယ်ကိုင်းလိုက်ပြီး
လက်ဖြန့်ကာ

"ဒါဆို မင်းဆီကဆုကိုခုချက်ချင်းလိုချင်တယ်"

ဖြန်း!

ကောင်းကောင်းလက်ဖဝါးလေးအရိုက်ခံလိုက်ရတယ်လေ။

"ခဏနေ ပေးပါမယ်ဆို"

"........."

လက်ထပ်ကြစို့သူငယ်ချင်းWhere stories live. Discover now